အခန်း ၁

24.6K 1.1K 69
                                    

Unicode

ရွှေတြိဂံနယ်မြေ

နိုင်ငံသုံးနိုင်ငံထိစပ်ရာနယ်နိမိတ်....

Opium ဟုခေါ်သည့် ဘိန်းပင် တို့တွင်တွင်ကျယ်ကျယ်စိုက်ပျိုးရာဒေသ....

Heroin အများဆုံးထွက်ရာနေရာ....

နိုင်ငံသုံးနိုင်ငံ၏ ဥပဒေ တို့ မသက်ရောက်နိုင်သည့်အပိုင်းအခြား....

ထိုဒေသ က ရွှေတြိဂံနယ်မြေဟုခေါ်ကြသည့် မူးယစ်နယ်မြေ တစ်ခု....

အချိန်အားဖြင့် 1993 ခုနှစ် တွင်ဖြစ်သည်။

များပြားလှသည့်အဖွဲ့အစည်းများကြီးစိုးရာ ထိုဒေသ တစ်နေရာ...တောင်ပတ်လည်၀န်းရံထားပြီးအိမ်ခြေ ၂၀၀ ခန့်ရှိသည့် ရွာသားတို့၏ အလုပ်အကိုင်တည်ရှိရာမှာ ဘိန်းစိုက်ခင်းတွင်အခြေတည်၏

လူနေအိမ်များနှင့်ခပ်ဝေးဝေးတွင်တည်သည့် လက်နက် ကိုင် အဖွဲ့အစည်း စခန်းချရာနေရာတစ်ခုအတွင်း....

စစ်စိမ်းရောင်အင်္ကျီနှင့် ပျောက်ကျားဘောင်းဘီ၀တ် သက်လတ်ပိုင်းယောကျာ်းတစ်ယောက် မှ ကျည်ကဒ်နှင့် ပစ္စတိုထည့်ချိတ်ထားသည့် ခါးပတ်ပေါ် လက်တစ်ဖက်ထောက်ရင်း တစ်နေရာကိုစူးစိုက်ကြည့်နေသည်။

ခပ်ကျဥ်းကျဥ်းချွန်ချွန်မျက်အိမ်အောက် အညိုရောင်မျက်၀န်းတစ်စုံက အေးစက်စက်...။

*ဒိုင်း*   *ဒိုင်း*   *ဒိုင်း*   *ဒိုင်း*   *.......*

*ခွမ်း*   *ခွမ်း*   *ခွမ်း*

"ကျစ်"

သေနတ်သံနှင့် ပစ်မှတ်ကျကွဲသံက မညီမျှ။ ကျစ်တစ်ချက်စုတ်သပ်လိုက်သည်။ စိတ်ပျက်လက်ပျက် မျက်ခုံးတို့တွန့်ချိုးကာ ခပ်တင်းတင်းအံကြိတ်လိုက်မိသည်။ ကျန်တဲ့အချိန်အသုံးမကျရင်တောင် ခပ်လှမ်းလှမ်းကနေရပ်ကြည့်နေတဲ့ စူးရဲရဲမျက်လုံးတစ်စုံရှိတဲ့အချိန်တော့ အသုံးကျရင်ကောင်းမယ်လို့ တွေးလိုက်မိသည်က အားမလိုအားမရစွာ။

ခါးမှလည်သာအိတ်ထဲ သေနတ်ကိုအံ၀င်ခွင်ကျပြန်သိမ်းပြီး ခပ်လှမ်းလှမ်းမှ ရပ်နေသူရှေ့ ဦးတည်လိုက်သည်။ ခြေလှမ်းတို့က လေးနေပေမယ့် နှေးတော့မနှေးရဲ။

Smile Sparkle ShineWhere stories live. Discover now