အခန်း ၆ မှ ၁၀ ။

Start from the beginning
                                    

ကောင်းယဲ့ရဲ့  နှုတ်ခမ်းဖျားတို့ မဆိုသလောက်လေး တောင့်သွားခဲ့သည် ။ ထို့နောက် ပြန်ပြုံးလိုက်ကာ : “ မျိုးရိုးနာမည်က ကောင်း နာမည်ကတော့ ယဲ့ ၊ တရုတ်လူမျိုး စစ်စစ်ပါဗျ “

“ အိုး မင်္ဂလာပါ မင်္ဂလာပါ တွေ့ရတာ ဝမ်းသာပါတယ်နော် “  တုယုံးဝေ ပြုံးလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်၏ ။

ကောင်းယဲ့ လည်း သူမကို ပြန် ပြုံးပြလိုက်သည် : “ ဘော့စ်က မင်းကို အထဲမှာ‌ စောင့်နေပါတယ် ဝင်လာခဲ့ပါ “

တုယုံးဝေ ဝင်လာဖို့ရာ အတွက် သူ့ခန္ဓာကိုယ်ကို ဘေးကိုရွှေ့လိုက်ပြီး လမ်းဖယ်ပေးလိုက်၏ ။  တုယုံးဝေ အပြုံးလေးနှင့် ဝင်သွားပြီးနောက် သူမ အပြုံးတို့ တောင့်ခဲ သွားရတော့သည် ။

‘ သေစမ်း ! ဒါက အဲ့ဒီနေ့က လီကျယ် ပန်းခြံမှာ တွေ့ခဲ့ရတဲ့ အေးစက်စက် အလှလေး မဟုတ်ဘူးလား ! ‘

ဘဝကြီးက အံဩစရာတွေနဲ့ ပြည့်နှက်နေတာပဲ ကိုး။

“ ရှင်က အဲ့ဒီနေ့က လီကျယ် ပန်းခြံက တစ်ယောက်မလား …. ? “  တုယုံးဝေ ကျန်းရှောင်ယန် ကို မေးလိုက်၏ ။အဲ့ဒီနေ့က ပန်းခြံမှာက အရမ်းကို မှောင်နေပြီ ဖြစ်သည် ။ ဒီနေ့လို သီးသန့်ခန်းရဲ့  လင်းချင်းနေသည့် အလင်းရောင် အောက်မှာ မြင်ရသည်က သူက အဲ့နေ့ကထက်ပင် အများကြီး ပိုခန့်ညား ချောမောနေသေးသည် ။

သူမ အဲ့လို ပြောလိုက်သောအခါ ကျန်းရှောင်ယန်လည်း သူမကို တွေးမိသွား၏ ။ ကောင်းယဲ့ မတ်တပ်ရပ်လျက် သူတို့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ရင်း : “ ဘော့စ် သူမကို အရင်က တွေ့ဖူးတာလား ? “ 

“ မေ့လိုက်‌တော့ ” ကျန်းရှောင်ယန် တုယုံးဝေ ကို ကြည့်လိုက်ပြီး အများကြီး မရှင်းပြခဲ့ ။ ခဏကြာပြီးနောက် သူပြောလိုက်၏ : “ ဒီနေ့ ဒီနေရာမှာ မစ္စ တုကို ခေါ်လိုက်ရတာက မစ္စတုကို တစ်ခုလောက် တောင်းဆိုစရာ ရှိလို့ပါ “

အလှလေးက တောင်းဆိုလာမှတော့  တုယုံးဝေက သေချာပေါက် ကူညီ‌ပေးမည်ဖြစ်သည် ။ “ ဘယ်လို ကိစ္စမျိုး များလဲ ? ပြောကြည့်ပါလား ကျွန်မ တတ်နိုင်တဲ့ အတိုင်းအတာထဲကဆို သေချာပေါက် ကူညီပါ့မယ် “

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now