ep32(U+Z)

1.4K 99 34
                                    

#uni

jenနှိုးလာတော့ လူတစ်ယောက်ရဲ့ပွေ့ဖက်ခြင်းကိုခံထားရသလို ရလိုက်ရသည့်
ကိုယ်သင်းနံ့လေးကြောင့် jenကိုယ်တိုင်ပင်မသိလိုက်ပြုံးလိုက်မိသည်ထင်သည်
ဟုတ်သား မနေ့ကjenအိပ်ခါနီးဖုန်းဆက်လာပြီးသူparisမှာဆိုပြီးလာခေါ်ခိုင်းတဲ့သူလေး

jenမျက်လုံးလေးဖွင့်ကြည့်လိုက်တော့
နီးကပ်စွာမြင်ရတဲ့ liမျက်နှာလေး
jenအချိန်အတော်ကြာစိုက်ကြည့်နေမိသည်လက်ချောင်းလေးများဟာလည်းမစေခိုင်းပါဘဲ li မျက်နှာလေးဆီသို့

ထိခါနီးဆဲဆဲ အသိပြန်ဝင်လာတာကြောင့် jenလက်ကလေးများအားရုတ်သိမ်းလိုက်သည် ထို့နောက် ထမည်အလုပ်
ဆွဲချခံလိုက်ရခြင်းနှင့်အတူ
ညှို့ယူနေသော liမျက်ဝန်းများနှင့် စုံသည့်တစ်ခဏ ပိုမိုကျယ်လောင်သော ရင်ခုန်သံများ

"ထပ်ပြီးကြည့်အုံးလေမရဲ့..နောက်ပြီး"

jenလက်ကလေးကိုယူကာ သူပါးပေါ်သို့တင်ပေးလာသည်

"ဒီလိုလည်းကိုင်လို့ရပါတယ်နော်"

jenရှက်ရှက်နဲ့ liပါးပေါ်ကလက်ကလေးကိုရုတ်ကာ ကုတင်ပေါ်မှထပြီး ရေချိုးခန်းထဲ
အမြန်ပြေးဝင်ခဲ့ရသည် ထို့နောက်တံခါးလေးကိုမှီကာရင်ဘက်ကလေးပေါ်လက်တင်ရင်း

"သူကသိနေတာတဲ့လား lalisaစုတ်နှိိုးနေတာကို အိပ်ချင်ယောင်ဆောင်နေတယ်"

ခုန်နေသော ရင်ဘက်လေးအားဖိရင်း
စိတ်ငြိမ်အောင်လုပ်ကာ လုပ်စရာရှိတာလုပ်လိုက်တော့သည်

jen ရေချိုးခန်းထဲမှာပြန်ထွက်လာတော့
liက တစ်ယောက်ယောက်နှင့်
ဖုန်းပြောနေသည့်ပုံ ဖုန်းပြောလို့ပြီးသွားလို့ထင်သည် jenနားလာကာ

"မ ပြီးသွားပြီလား"

"omm...မင်းလည်းလုပ်စရာရှိတာလုပ်တော့လေ"

"ဟုတ်"

"အော် ခဏ"

jenလည်း အဝတ်လှဲခန်းက သူနဲ့တော်လောက်မဲ့အဝတ်စားလေးယူကာ

"ပြီးရင် ဒါဝတ်လိုက်"

"ဟုတ်"

liရေချိုးခန်းထဲဝင်သွားပြီးနောက် jenလည်း နံနက်စာချက်ရန်ပြင်လိုက်တော့သည်

Although Not First Love(အချစ်ဦးမဟုတ်ပေမဲ့)(U+Z)Where stories live. Discover now