ep12(U+Z)

956 49 4
                                    

#uni

jenတို့ညီအမနှစ်ယောက် appaလုပ်ဖော်ကိုင်ဖက်၏သားမင်္ဂလာဆောင်တွင်ရောက်နေခြင်းဖြစ်သည် appaက အရေးကြီးစာချုပ်ချုပ်ရမည်
ဖြစ်တာကြောင့် သူသမီးဖြစ်သည့်
jenတို့ညီအမနှစ်ယောက်အား
သွားခိုင်းခြင်းပင်ဖြစ်သည်
jen တို့weddingကနေပြန်လာတော့12:45
ဖြစ်ချင်တော့ကားလမ်းတွေကလည်း
ဒီနေ့မှ တော်တော်လေးပိတ်နေ၏
jenအိမ်ပြန်ရောက်တော့ 1:00ပင်
jenအဝတ်အစားအမြန်လဲကာ ချိန်ထားတဲ့နေရာဆီသို့ထွက်ခဲ့ရတော့သည်
jenချိန်းထားတဲ့နေရာရောက်တော့ တွေ့ပါပြီ ကျွန်မရဲ့liလေး မျက်နှာကလည်း
ဆူပုတ်နေတာပဲ
jenအမြန်ပြေးသွားကာ

"sorry li တို့နောက်ကျသွားတယ်"

ကျွန်မပြောသည့်အထဲ ဘာအမှားပါသွား
လို့လဲမသိ liက ငိုင်ကျသွားတာကြောင့်

"liတို့တောင်းပန်ပါတယ်ကွာ အရေးကြီးကိစ္စပေါ်လာလို့ပါ "

"နောက်ခါliလို့မခေါ်ပါနဲ့"

"ဘာလို့လဲ တို့ကတော့ သဘောကျတယ်"

"မခေါ်နဲ့ဆို"

"ခေါ်မှာပဲ ဘာဖြစ်လဲ "

မျက်မှောင်လေးကျုံးကာအလိုမကျဖြစ်နေသော liက တကယ်ပင် ကြည့်ကောင်းလှပါသည်

"ကျစ်....ထားပါတော့ ပေးစာအုပ် "

ကျွန်မလည်းစာအုပ်ထုတ်ပေးလိုက်ရော
သူမလေးက ပိုက်လေးထုတ်ပေးလာ၏

"ရော့ ဒီမှာပိုက်ဆံ"

"ရပါတယ် တို့မယူတော့ဘူး"

"ယူပါ ကျွန်မက ဘယ်ဟာမှအလကားမယူတတ်လို့"

"liကို စောင့်စေမိလို့တောင်းပန်တဲ့အနေနဲ့
ပေးတာပါအဲ့တာကြောင့်မယူတော့ဘူးနော် "

"ကျွန်မပေးတယ်နော် အမဘာသာအမ
မယူတာ "

ပိုက်ဆံလေးအား သူမအိတ်ကပ်ထဲသို့
ပြန်ကာထည့်လိုက်‌ေလ၏

"ဟုတ်ပါပြီ ဒါနဲ့နေ့လည်စာစားပြီးပြီလား"

"အွန်း ဘာလို့လဲ"

"ဘာမဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ"

"Yahhh ငလစ်ငါတို့နဲ့လည်းမိတ်ဆက်ပေးအုံးလေ"

Although Not First Love(အချစ်ဦးမဟုတ်ပေမဲ့)(U+Z)Where stories live. Discover now