ep9(U+Z)

890 52 8
                                    

#uni

"တစ်ခုခုဝယ်ကျွေးမလို့လေ မလိုက်ဘူးလား"

"အာ ဟုတ်"

အူကြောင်ကြောင်နှင့်ပြန်ဖြေလာသော
ထိုကောင်မလေးက တကယ်ပင် ချစ်စရာကောင်းပါ၏အနီးအနားရှိ  စာသောက်ဆိုင်တစ်ဆိုင်သို့ခေါ်သွားကာ ထိုကလေးကစားချင်သည်တို့အား မေး၍မှာလိုက်ကြသည်
အစားအသောက်တွေလာချတော့
အရှေ့က ကလေးမမှာခေါင်းမဖော်တမ်းစားနေလိုက်တာ တော်တော်ဗိုက်ဆာနေသည်ထင်ပါရဲ့ ပါးဖောင်းဖောင်းလေးနဲ့စားနေလိုက်တာများ တကယ့် ရှဥ့်ပေါက်လေးအတိုင်းပင်

"ဟိုဟာ လေ ခုနက ကsorryပါ စိတ်ကလည်းသိပ်မကြည်လို့ပြောမိသွားတာပါ တကယ်က နောက်တစ်အခါ လူကြီးသူတို့ထပ်တွေ့ရင် လူကြီးပဲခံရမှာ အဲ့တာကြောင့်ပါ"

ပလုတ်ပလောင်းလေးနှင့်ပြောလာသော ထိုကလေးမကြောင့် jisooမရယ်အိအောင်မနည်းထိန်းထားရ၏
ထိုကလေးမလေးက ဘာလို့အဲ့လောက်ထိချစ်ဖို့ကောင်းနေရတာပါလိမ့်

"ရပါတယ် အမှန်တိုင်းပြောရရင် ကူညီမိတာတော့​ နောင်တရတယ်"

"ရှင်!"

ကြည့် ထပ်ပြီးကြည့်လာပြန်ပြီ
ပါးစပ်ထဲရှိအစာများကြောင့်
ဖောင်းကားနေသောပါးလေးနှစ်ဖက်က
ကိုက်စားပစ်ချင်စရာ
ဒီတစ်ခါတော့တကယ် မပြုံဘဲမနေနိုင်ခဲ့ပါ

"ဟုတ်တယ်လေ ကူကလည်းကူညီရသေး အပြောကခံရသေးတဲ့အပြင် အခုလိုပါကျွေးမွေးရသေး"

"ကျွန်မ ပြန်ဆပ်မှာပါ အလကားမစားပါဘူး ဒီနေ့မှပိုက်ဆံကုန်သွားလို့ပါ"

ပြာပြာဖြင့်ရှင်းပြလာသောကောင်မလေး
ဒီတစ်ခါတော့ jisooရယ်ချလိုက်မိတော့၏

"ဟားဟား တို့က စတာပါကွာ"

"အာ ဟုတ်ကဲ့ လူကြီးက ဒီကမဟုတ်ဘူး
ထင်တယ်"

"အွန်း ဟုတ်တယ် koreaက ဒီကို ခန လာလည်တာ"

ထိုကလေးမ ကခေါင်းလေး
တစ်ဆက်ဆက်ငြိမ့်ကာ

"ကျေးဇူးပါ အခုလိုကူညီပေးတဲ့အတွက်"

"ရပါတယ်ရှင်"

စားသောက်လို့ပြီးသည်နှင့် ပိုက်ဆံရှင်းပြီး ထွက်လာခဲ့ကြသည် လမ်းတူတူလျှောက်ရင်း
ကလေးမမျက်နှာကိုလေးကြည့်မိလိုက်တော့ မလိုက်ဖတ်စွာ တည်ရှိနေသော ဒဏ်ရာများ

Although Not First Love(အချစ်ဦးမဟုတ်ပေမဲ့)(U+Z)Where stories live. Discover now