ep6(U+Z)

924 56 7
                                    

for uni

jen ထိုကလေးမ၏ဆွဲခေါ်မှုကြောင့်ပြေးလိုက်ရတာ ဖတ်ဖတ်ကိုမောလို့
ဆိုင်တစ်ဆိုင်ရှေ့မှာရပ်လိုက်မှ ကိုယ့်မှာအမောဖြေရတော့သည်

"yahh ဘာလို့ အဲ့လောက်ထိပြေးရတာလဲ မောလွန်းလို့သေတော့မယ်"

ကျွန်မပြောတာကိုဂရုမစိုက်ဘဲ သူကိုင်ထား​ေသာကျွန်မလက်ကိုဖြုတ်ကာ
ခဏဆိုပြီးဆိုင်ထဲဝင်သွားလေရဲ့
ကျွန်မထိုင်ခုံမှာပေါ်ထိုင်ပြီးအမောဖြေနေတုန်း ကျွန်မဘေးလာထိုင်ကာ
ရေဘူးလေးပေးလာ၏

ရေသောက်နေတုန်း ရုတ်တရက်မျက်နှာကိုချွေးလာသုတ်ပေးတဲ့သူမကြောင့်
လှည့်ကြည့်လိုက်တော့ ကျွန်မကိုစိုက်သော သူမ၏မျက်ဝန်းများ ထိုမျက်ဝန်းများအား
ကျွန်မရင်းနှီးနေသလိုလို
သူမလေးကဘယ်သူပါလိမ့်
ကျွန်မ သူ့မျက်စိရှေ့လက်လေးရမ်းလိုက်မှ
သူကချောင်းတစ်ချက်ဟန့်ကာ

"Sor...sorry ချွေးတွေနဲ့မလို့
ရော့ ကိုယ့်ဘာသာသုတ်လိုက်တော့

မျက်နှာတွေနီပြီးတစ်ခြားတစ်ဖက်
လှည့်သွားသောသူမ

​ဘာလဲဟသူကပဲရှက်နေရတယ်ရှိသေး

"မင်းနာမည်ဘယ်လိုခေါ်လဲ"

"chaeyoung ပါ park chaeyoung"

"အင်း တို့က Kim jennie နောက်ပြီး
တို့ မင်းထက်ကြီးတယ်"

"ဟုတ်လို့လား "

မယုံသလိုနဲ့ကြည့်လာသောသူမကြောင့်jenပြုံးလိုက်မိ၏

"တကယ်ပြောတာ တို့ရုပ်အဲ့လောက်နုလိမ့်မယ်မထင်ထားဘူး တို့ကနောက်လဆို
27​ပြည့်ပြီ"

"တကယ်? ဒါပေမဲ့လည်းchaeအတွက်တော့ကလေးမပဲ"

"yahhမင်းထက်ကြီးပါတယ်ဆို
အဲ့လိုမလေးမစားမခေါ်နဲ့စမ်း"

"အဲ့တာဆို မ လို့ခေါ်မယ်လေ ရလား"

jenစိတ်ထဲပေါ်လာသောအတိတ်က
ပုံရိပ်တစ်ချို့နှင့် li ဆိုတဲ့ကောင်မလေး၏
မ လို့ခေါ်သည့်အသံများ
jenဝင်လာသောအတွေးများအားဖယ်ကာ

"ဒီတိုင်းunnie jenလို့ပဲခေါ်လေ"

"ဘာလို့လဲ မ ဆိုတဲ့အသုံးအနှုန်းကိုမကြိုက်လို့လား"

Although Not First Love(အချစ်ဦးမဟုတ်ပေမဲ့)(U+Z)Kde žijí příběhy. Začni objevovat