ep3(U+Z)

1K 58 0
                                    

for uni

chaeချိန်းထားသောနေရာသို့ရောက်တော့
ကားပေါ်ကမဆင်းခင် သူငယ်ချင်းဖြစ်သူ
Minaအားကြည့်လိုက်သည်
မိမိအား ဆင်းလာလို့ကတော့ သေပြီ
ဆိုသည့်အကြည့်ကြောင့် chaeတံတွေးလေး
မျိုချကာ ကားပေါ်မှဆင်းလိုက်သည်

"ရောက်လာသေးတယ်နော် park chae"

"sor.sorryပါဟာ နင်ကလည်း လမ်းမှာကိစ္စတစ်ခုဖြစ်သွားလို့ပါ"

"ဟိတ် chae နောက်ကျတယ်နော် ငါကမင်းရှုံးမှာကြောက်ပြီး မလာတော့ဘူးထင်တာ"

နောက်ကကြားလိုက်ရ‌သောပြိုင်ဖက်တော်
Jiyoungအသံနှင့်အတူ ထွက်ပေါ်လာသော
အပေါင်းအပါများ၏ ရယ်သံများ

"ဆုတောင်းလေ ရှုံးတယ်ဆိုတာ ငါတို့
chaeဘဝမှာ တစ်ခါမှမကြားဖူးတဲ့အရာပဲ"

Jiyoung၏ ပြောကြားချက်အား
ပြန်လည်ချပလိုက်သော
သူငယ်ချင်းဖြစ်သူJeonyeon

"အေးလေ အရှုံးဆိုတာ ဘာမှန်းတောင်ငါတို့chaeလေးကသိတာမဟုတ်ဘူး ဟုတ်တယ်မလား park Chae"

သူငယ်ချင်းဖြစ်သူJeonyeonစကားအား
ဝင်ထောက်ခံပေးသောMina

"လာပါကြာပါတယ် စကြတာပေါ့"

"ကောင်းပြီလေ ဘာကြေးလဲ"

"ထုံးစံတိုင်း ကြိုက်တာတောင်း
ခိုင်းတာလုပ်ကြေးပေါ့ ဘယ်လိုလဲ"

"ok စကြတာပေါ့"

နှစ်ယောက်သား ပြိုင်ကားကိုယ်စီဖြင့်
နေရာယူကာ စက်နှိုးလိုက်ကြ၏
အလံကိုင်သူအချက်ပြသည်နှင့်
အရှိန်ပြင်းစွာ ထွက်ခွာသွားသော
ပြိုင်ကားနှစ်စီး
ပြိုင်ပွဲကြည့်သည့် ပရိတ်သတ်မှာလည်းအများအပြား
နောက်ဆုံးမှာတော့ ပန်းတိုက်သို့ ဦးစွာဝင်ရောက်လာသည့် အပြာရောင်ကားလေး

"ဒါမှ park chaeကွ"

chaeတစ်ချက်ပြုံးကာ ကားပေါ်ကဆင်းလိုက်သည် jiyoungဘက်ကို
ကြည့်လိုက်တော့ တော်တော်လေး
မကျေမနပ်ဖြစ်နေသည့်ပုံ

"Jiyoung yahအစကတည်းက ငါ့ကိုစိန်မခေါ်ခဲ့သင့်တာ"

Chaeyoungရယ်ကာပြောလိုက်တော့

"အဟက် လေရှည်မနေစမ်းပါနဲ့ ပြော မင်းငါ့ဆီက ဘာလိုချင်လဲ"

"အင်းးးငါ လိုချင်တာကလား"

Although Not First Love(အချစ်ဦးမဟုတ်ပေမဲ့)(U+Z)Where stories live. Discover now