ep14(U+Z)

852 55 4
                                    

#uni

ireneကတော့ မပြီးနိုင်မစီးနိုင်
တစ်မျိုးပြီးတစ်မျိုးဝယ်နေသည့်
သူငယ်ချင်းဖြစ်သူအားကြည့်မရတော့ပေ
ဘယ့်နှယ် အဖော်လိုက်ဖို့ခေါ်တာကျွန်မလေ
အခုကျတော့သူပဲဒိုင်ခံဝယ်နေတယ်
မသိရင်တစ်သက်လုံးအဲ့မှာပဲ
အခြေချတော့မည့်အတိုင်းပင်
တကယ်မလွယ်တဲ့သူငယ်ချင်းလေးပါလား

.............................

jjenအိမ်ပြန်ရောက်သည်မှစ၍ appaအား
မည်သို့ခွင့်တောင်းရန်ကြံရတော့သည်

"မမ ဟုတ်တယ် မမပဲကူညီနိုင်လိမ့်မယ်"

Jenတစ်ချက်ပြုံးကာ အမဖြစ်သူအခန်းသို့ဦးတည်လျက်
တံခါးလေးခေါက်ကာ အခန်းထဲသို့ဝင်တော့
ကင်မရာလေးအားပြုံး၍ကြည့်နေသော
အမဖြစ်သူ

"မမ"

jenခေါ်သော်လည်း မမက လှည့်မကြည့်လာ သူ့ရဲ့cameraလေးကိုသာကြည့်နေသည်

"မမလို့"

ပုခုံးလေးပုတ်ကာခေါ်တော့မှ အလန့်တကြားနှင့်လှည့်ကြည့်လာ၏

"အာ jenငယ်!"

"မမ ဘာတွေကြည့်နေလို့ ခေါ်မကြားအော်မကြားဖြစ်နေရတာလဲ"

"ဘာမှမကြည့်ပါဘူး jenငယ်ကလည်း
new zealandသွားတုန်းကပုံလေးတွေ
ပြန်ကြည့်နေတာပါ"

"မမနော် jenလာတိုင်း အဲ့ပုံတွေပဲကြည့်နေတယ်မရိုးသားဘူး ဘာလဲ ဟိုမှာ သဘောကျတဲ့သူတွေ့ခဲ့လို့လား"

"ဟာ ဒီကလေးဘာတွေလာပြောနေတာလဲ"

Jenက ဒီတိုင်းပြောလိုက်ပေမဲ့ ပါးတွေပါရဲ့လာသည့် အမဖြစ်သူ
Jenပြောတာမှန်သွားလို့ထင်ပါရဲ့

"အယ် အယ် ပါးတွေတောင်နီလာပြီဆိုတော့ တကယ်ထင်တယ်"

"jenငယ်နော်"

အမဖြစ်သူရှက်နေတာလေးကို
သဘောကျပြီး ဆက်စချင်ပေမဲ့
မိမိမှာလည်း အရေးကြီးကိစ္စရှိသည်
မဟုတ်ပါလား

"တော်ပြီတော်ပြီမစတော့ဘူး လာရင်းကိစ္စပဲပြောတော့မယ်"

"ပြောပါအုံး မမ jenလေးက ဘာပြောစရာရှိလို့လဲ"

"ဟီးဟီး မမဟိုလေ မနက်ဖြန်ကျရင် ireneတို့နဲ့jejuကိုသွားမလို့ "

"ဘယ်လို ! အဲ့တာခုမှပြောရလား"

Although Not First Love(အချစ်ဦးမဟုတ်ပေမဲ့)(U+Z)Where stories live. Discover now