Twenty eight

96 16 8
                                    

Final exam, ပထမရက်ပြီးတော့ ခွန်ရှင်းခန့်ဆီ လင်းသစ်အပြေးအလွှားသွားခဲ့ပေမဲ့ မြင်ရတဲ့မြင်ကွင်းက သူ့ရင်ကိုဓားနဲ့ထိုးသည်။

ရင်ခွင်ထဲရောက်နေတဲ့စံပယ်ကို ခွန်ရှင်းခန့်က ပွေ့ဖက်ထားလေတော့ အနားကိုသွားပြီး အကြမ်းဆွဲခွဲမိသည်။

“လင်းသစ်”

ခွန်ရှင်းခန့်က မမြင်သင့်တဲ့သူကို မြင်လိုက်ရသလို ပုံစံမျိုးဖြစ်ကာ စံပယ်ကတော့ မျက်ရည်လည်ရွဲနဲ့ သူ့အားစိုက်ကြည့်နေခဲ့သည်။

“လိုက်ခဲ့”

လက်ကိုတင်းကြပ်နေအောင်ဆွဲပြီး ကားထဲအရောက်မှာ ဒေါသဖြစ်လွန်းတာကြောင့် စီယာတိုင်ကို ဖုန်းခနဲရိုက်ချလိုက်တော့ ခန္ဓာကိုယ်လေးက တုန်တက်သွားခဲ့သည်။

“စံပယ်က သူ့ချစ်သူနဲ့အဆင်မပြေဘဲ ဝမ်းနည်းနေလို့....”

“ကျွန်တော်ဂရုမစိုက်ဘူး”

သူ့အသံတွေမာဆတ်သွားတော့ တဖက်ကအသံပြန်ထွက်မလာတော့။

“တခြားလူတွေအများကြီးရှိတဲ့အထဲက ဘာလို့အစ်ကို့ကိုလဲ”

“အဲ့လိုမဟုတ်ပါဘူး”

သူ့ကိုလှည့်ဖြေတဲ့မျက်ဝန်းလေးတွေက အတော်အတန်ဝမ်းနည်းနေကြောင်း သူသိပေမဲ့ စံပယ့်အပေါ် ခွန်ရှင်းခန့် ခံစားချက်ကျန်နေသေးသလားဆိုတဲ့အတွေးက သူ့စိတ်တွေကို ရှုပ်ထွေးစေခဲ့သည်။

“အစ်ကို သူ့ကိုချစ်သေးတာလား”

အံ့ဩသွားကြတဲ့မျက်ဝန်းလေးတွေ၊ သူ့နားထဲ ဘာအဖြေစကားကိုမှမကြားရတော့ဘူး။

“ကျွန်တော့်ကိုရော”

သူ့ကိုချစ်တယ်မပြောနိုင်တောင် စံပယ့်ကိုတော့ မချစ်တော့ပါဘူးလို့ ပြောရမယ်လေ။

ဘာစကားမှထွက်မလာတော့ ရင်ဘတ်ထဲတင်းကြပ်သွားသည်။

“သွား၊ ကျွန်တော် အမှားတစ်ခုခုမကျူးလွန်မိခင်”

တံခါးဖွင့်ကာပြေးထွက်သွားတော့ စီယာတိုင်ပေါ် ခေါင်းငုံ့ချမိသည်။

အစ်ကိုဘာလို့မငြင်းရတာလဲလေ။

......

စာမေးပွဲရက်တွေမှာ လင်းသစ်သူ့ဆီမလာတော့သလို သူကိုယ်တိုင်လည်း အဆက်အသွယ်မလုပ်ဖြစ်ခဲ့တာ အားလပ်ရက်တွေတောင် ရောက်ရှိလာခဲ့ပြီ။

Min Nae Mha (Complete)Where stories live. Discover now