Seven

145 22 8
                                    

ပွဲပြီးသွားတဲ့အခါ ကျောင်းရဲ့ photographer အဖွဲ့က ကျောင်းကောင်စီဥက္ကဌ မနွယ်နီဆီ Fresher selection အယောက် ၄၀ ရဲ့ပုံတို့အား လာအပ်သွားသည်။
ချိန်ခါမဆိုင်း ကျောင်းရဲ့ website တင်မက အပြင်ဖက် board ပေါ်တင်ကာ QR code ဖတ်ပြီး အလွယ်မဲပေးလို့ရပြီဖြစ်ကြောင်း မနွယ်နီက ကျောင်းသားကျောင်းသူတို့ကို ဆော်ဩပေးသည်။

King Queen အတွက် Selection တစ်ဦးလျှင် vote တစ်ခုသာရခွင့်ရှိပြီး ကျောင်းသားတစ်ဦးလျှင်တော့ selection အားလုံးကိုလည်း vote ပေးပိုင်ခွင့်ရှိသည်။ ဆိုလိုတာက ဒီတစ်ယောက်လည်းသဘောကျ၊ ဟိုတစ်ယောက်လည်းသဘောကျ ဖြစ်ခဲ့မယ်ဆိုရင်တောင် ပြဿနာမရှိပဲ နှစ်ဦးစလုံးကို vote ပေးနိုင်သည့် သဘောဖြစ်သည်။

Final results ကိုတော့ second semester အလယ်လောက်တွင် ကြေညာပေးမှာဖြစ်ကာ ကျောင်းသားကျောင်းသူတို့၏ လုပ်ကိုင်ဆောင်ရွက်ပုံတိုင်းသည်လည်း ကျောင်းကပေးအပ်မည့် အမှတ်ရရှိမှု အနည်းအများပေါ် မူတည်နေသေးသည်။ ထိုအမှတ်များကပါ selection အတွင်း သက်ရောက်မှုရှိကာ ကျောင်းသားကျောင်းသူများပေးအပ်သည့် vote အရေအတွက်ချည်းသပ်သပ်ဆို popular award သာရမည်ဖြစ်သည်။

အားလုံးပြန်ကုန်ကြသည့်အခါတွင်တော့ သူတို့အဖွဲ့နှင့်အတူ volunteer ကျောင်းသားကျောင်းသူတွေသာ ကျန်ရစ်ခဲ့ကြသည်။

“အဲ့ဖက်ကမြောက်လိုက်၊ ခေါက်ရပိုလွယ်တယ်”

အားဟန်ရဲ့အပြောကို ဘုဏ်းကတသွေမသိမ်းလိုက်လုပ်သည်။

လေအိတ်ကိုလေလျော့ပြီး ရိုးရိုးတန်းတန်း ခေါက်သိမ်းနေတာဖြစ်ပေမဲ့ မေသူလင်းနှင့်ပန်ချစ်ဆုအတွက် ဘာတွေသဘောကျစရာဖြစ်နေမှန်းမသိ အမှိုက်လှည်းချင်ယောင်ဆောင်ပြီး ဓာတ်ပုံတွေခိုးရိုက်နေကြသည်။

“ရပြီ၊ ငါတို့လုပ်စရာပြီးပြီ”

အားဟန်လှည့်ကြည့်လိုက်တော့ ဖုန်းတွေချကာ ချက်ချင်းဆိုသလို အမှိုက်တွေကိုလှဲကျင်းနေကြပြန်သည်။

“ကူပေးရဦးမလား”

“ရတယ် နေ နေ၊ ‌အဲ့ဒီမှာရှိ‌နေတာ ငါတို့အတွက်ပိုကောင်းတယ်”

ပြောပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်ကြပြန်သည်မို့ နားမလည်နိုင်တော့သည့် အားဟန်မှာတော့ မသက်မသာလေးသာ ပြုံးမိရတော့သည်။

Min Nae Mha (Complete)Where stories live. Discover now