Three

207 24 13
                                    

“ငါက သူ့အပေါ်အန်ချတယ်!!!!”

အသံကျယ်နှင့်ထမေးလေတဲ့ ခွန်ရှင်းခန့်ကြောင့် လင်းသုတနှင့်ချမ်းငြိမ်းတို့ ခေါင်းညိတ်ရင်း မျက်နှာမဲ့လိုက်မိသည်။

ခွန်ရှင်းခန့်က ပွစိပွစိသိပ်ပြောတက်သလို အသံကလည်း လော်စပီကာလိုမျိုး အတော်ကျယ်တာကိုး။ 

“အဲ့တာကြောင့် မင်းကိုမျက်မုန်းကျိုးနေတာနေမှာပေါ့၊ သူများအင်္ကျီအကောင်းစားကြီးအပေါ် သွားအန်ပစ်တာကိုး”

လင်းသုတရဲ့စကားကို ချမ်းငြိမ်းကထောက်ခံပေမဲ့ခွန်ရှင်းခန့်ကတော့ ဘာမှပြန်မပြောနိုင်။

သူကိုယ်တိုင်လည်း ထိုညကကိစ္စကို ဘာတစ်ခုမှမမှတ်မိဘူးမို့။

“တော်ကွာ၊ အဲ့လိုဆိုတာနဲ့ပဲ ရန်သူတစ်ယောက်လို ကြည့်စရာမလိုပါဘူး၊ အသွေးအသားထဲကကို အကျင့်မကောင်းတာဖြစ်မယ်၊ ဒါထက် ဘုဏ်း မင်းသူငယ်ချင်းတွေမဟုတ်ကြဘူးလား”

အပြောတွေကိုကြည့်ရလျှင်ဖြင့် ဘုဏ်းအပေါ်လည်း မျက်မုန်းကျိုးနေတာ သိသာနေပြန်တော့ ခွန်ရှင်းခန့်မေးမိခြင်း။

“တောင်းပန်ပါတယ်”

ဘုဏ်းက ချက်ချင်းကိုတောင်းပန်သည်။

ထူးထွေပြီးဖြေရှင်းမပြတက်တာက ဘုဏ်းရဲ့အကျင့်ဆိုတော့လည်း ရင်းနှီးပြီးသား သူတို့သုံးယောက် ခေါင်းညိတ်လက်ခံလိုက်ရသည်။

“ဘာမှမဖြစ်ပါဘူးကွာ၊ ဇွဲရိပ်ဟန်လား၊ သူကတော့ လူယဉ်ကျေးလေးပါ၊ လင်းသစ်ဟိန်းပဲ”

လင်းသုတရဲ့စကားကို အားလုံးကဝိုင်းထောက်ခံကြရင်းမှ သူတို့လုပ်စရာရှိတာတွေအပေါ် အာရုံရောက်တော့သည်။

“တော်ပြီ၊ မင်းက EC တွေလိုက်ရှာနေတာမလား၊ သွားရှာ၊ ငါနဲ့ချမ်းငြိမ်းက အင်္ကျီမှာထားတာ သွားယူရဦးမယ်၊ ဘုဏ်း မင်းက စင်ပြင်ဆင်ရေးအပိုင်းမှာ နည်းနည်းကူပေးလိုက်ဦး”

ဘုဏ်းက ခေါင်းညိတ်လေတော့ သူတို့တစ်တွေလည်း နေရာမှ အသီးသီးထွက်ခဲ့ကြတော့သည်။

တဖက်တွင်လည်း လင်းသစ်က ခွန်ရှင်းခန့်နဲ့တွေ့ဖြစ်ခဲ့ပုံတွေကို အားဟန်အား ရှင်းပြနေခဲ့ပါ၏။

Min Nae Mha (Complete)Where stories live. Discover now