Twenty one

88 16 15
                                    

ကျောင်းပြန်တက်တဲ့ရက်မှာ အချစ်ငှက်နှစ်ကောင် ကျောင်းအတူလာကြတာကို လင်းသုတက နှုတ်ဆက်သည်။ ချမ်းငြိမ်းကလည်း ဘေးမှာ တပြုံးပြုံး။

“ညီလေးတို့ မတွေ့တာကြာပြီ”

“ဟုတ်အစ်ကို”

အားဟန်ကပြန်ဖြေပြီး ဘုဏ်းက ခေါင်းငုံ့ဂါရဝပြု၏။

“ဘာတွေလုပ်နေကြလဲ၊ စောစောစီးစီး”

တပြုံးပြုံးနဲ့ အနားရောက်လာတဲ့ လင်းသစ်။

“လင်းသစ် မတွေ့တာကြာပြီ”

“ဟုတ်တယ်အစ်ကို၊ နေကောင်းတယ်မလား”

ဖော်ဖော်ရွေရွေနှုတ်ဆက်လာတော့ လင်းသုတ မျက်ခုံးပင့်မိသည်။

“အေး ကောင်းပါတယ်”

ဒီကောင်ဘယ်လိုဖြစ်ပါလိမ့်လို့လည်း လင်းသုတတွေးနေသည်။

“လာမယ့်လဝက်မှာ ငါတို့ မိဘမဲ့ကျောင်းကို လုပ်အားသွားပေးမှာ၊ လိုက်ခဲ့ရမယ်ကြားလား”

အားလုံးကိုသတိပေးတဲ့အခါ အားဟန်ကတော့ ခေါင်းညိတ်သည်။ လင်းသစ်က မညိတ်သေးဘဲ သူမေးစရာရှိတာအရင်မေး၏။

“အစ်ကိုခွန်ကောပါမှာလား”

“မပါဘူး၊ ငါတို့အသင်းသားတွေချည်းသီးသန့်”

ချက်ချင်းကို စိတ်ပျက်အားလျော့သွားဟန်ရတဲ့ လင်းသစ်ကြောင့် လင်းသုတကြည့်ရင်း ပြောလိုက်သည်။

“ဘာလို့လဲ၊ ပါစေ့ချင်လို့လား၊ ခေါ်လိုက်မယ်လေ”

“တကယ်လားအစ်ကို”

ချက်ချင်းကို ဘလင်းဘလင်းတွေထလာတော့ လင်းသုတ မျက်လုံးကန်းချင်သွားသည်။

“အေး ခေါ်လိုက်မယ်”

တဖြည်းဖြည်းနဲ့မှပြုံးလာတဲ့ လင်းသစ်။

“ကျေးဇူးပါအစ်ကို၊ ကျွန်တော် အစ်ကိုခွန်ကို သွားပြောလိုက်ဦးမယ်”

အားလုံးကိုတောင်လက်ပြသွားသေး။ တအားကိုပြောင်းလဲနေတဲ့ လင်းသစ်ကြောင့် လင်းသုတမှာ အံ့ဩလျက်။

“ကြားလိုက်ကြလား၊ ငါ့ကိုကျေးဇူးပါတဲ့”

“မင်းထီထိုးတော့”

Min Nae Mha (Complete)Where stories live. Discover now