အခန်း ၆၈၉ တစ်ဂူတည်း ကျားနှစ်ကောင် မအောင်းဘူး

Start from the beginning
                                    

အစတုန်းကတော့ ဆေးဖော်ရန် ဆယ်ရက် လောက်သာကြာမည်ဟု ထင်ထားပေမယ့် အခုတော့ လ၀က်တောင် ကုန်ဆုံးသွားခဲ့သည်။ ယူရှောင်းမို တတိယဆေးအဖုံကို မထုတ်သေးပဲ နာရီဝက်လောက် ထိုင်နားနေလိုက်သည်။ သူဘယ်နားမှာ မှားသွားသလဲ ဆိုတာကိုလည်း တစ်လက်စတည်း ပြန်ဆင်ခြင်လိုက်သည်။

နောက်တစ်ကြိမ် အနေနှင့် မရေမတွက် နိုင်သော ဆေးပင်များစွာ ဆေးကြိုအိုးထဲသို့ ထပ်မံ ၀င်ရောက်သွားပြန်သည်။

…………….

ပင့်ကူနက်အဖွဲ့၏ ဌာနချုပ်

ထုံထျန်းဧကရာဇ် တစ်ယောက် ဟိုးခပ်ဝေးဝေးမှ တောင်ထွတ်တစ်ခုကို ပြောမပြနိုင်သော မျက်နှာထားဖြင့် ငေးမောလို့နေသည်။ တွေးလေလေ လင်းရှောက်ယီနှင့် အတူ ရှီကျင်းကို လိုက်လာမိတာ မှားပြီဟု တွေးမိလေလေ ဖြစ်လာသည်။

အကြောင်းအရာကတော့ ရှင်းပါသည်။ သူတို့နှစ်ဦးမှာ လိုဘကြောင့်သာ ပူးပေါင်းခဲ့တာ ဖြစ်သည်။ ထိုသို့သော ပူးပေါင်းမှုများမှာ အင်အားတူနှစ်ဖက် ပူးပေါင်းသည်က အကောင်းဆုံး ဖြစ်ပြီး မျှချေလွတ်သွားပါက ကျားပါးစပ်ထဲသို့ လွတ်လိုက်သည့် သိုးငယ်လေး ဘ၀သို့ ရောက်ရှိသွားသည်နှင့်တောင် အလားတူလှသည်။ လင်းရှောက်ယီ၏ အကြံအောင်မြင်သွားပါက ထုံထျန်းဧကရာဇ်ကို ကန်မထုတ်ဘူးဟုပြောဖို့ကတောင် ခက်ခဲလှပေသည်။

“ဧကရာဇ်အရှင်၊ ကျွန်တော်ကတော့ ဒီကနေ အမြန်ဆုံး ထွက်သွားတာ အကောင်းဆုံးလို့ ယုံကြည်မိနေတုန်းပဲ” ယုံကြည်ရသူ တစ်ယောက်က သူ၏ အရှင် မျက်မှောင်ကြုပ်ပြီး ဟိုဟိုဒီဒီ လျှောက်နေတာကို မြင်ကတည်းက မနေနိုင် မထိုင်နိုင် ပြောမိပြန်သည်။

“မင်းလဲ အဲလို တွေးမိလား” ထုံထျန်းဧကရာဇ်က လမ်းလျှောက်သည်ကို ရပ်ပြီး သူ့လူကို ကြည့်လိုက်သည်။

လူယုံကလည်း ခေါင်းညိမ့်ပြလိုက်သည်။ “ဧကရာဇ်အရှင်၊ လက်ရှိအနေအထားအရဆိုရင် ကျွန်တော်တို့ ဘက်က အရေးနိမ့်နေတာ။ ပင်ကူနက်လို အင်အားစုကို တည်ထောင်ထားနိုင်တဲ့ လင်းရှောက်ယီကရော ဘယ်လို လူစားဖြစ်မလဲ? သေချာပေါက် အကြံကြီးပြီး ရက်စက်တတ်တဲ့သူမျိုးပဲ ဖြစ်မှာ။ သူ့အင်အားက အရှင့်ကို ကျော်သွားနိုင်တာနဲ့ သေချာပေါက် အရှင့်ကို သူနှင့် တန်းတူထားနေမှာ မဟုတ်ဘူး”

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now