11:Family;My Home

832 105 33
                                    

Unicode & Zawgyi

Unicode

ဆွဲလက်စwebtoonအပိုင်းသစ်ကိုလက်စသတ်ကာ နာရီကိုမော့ကြည့်မိတော့ နံပါတ်တစ်ဆယ်ကိုညွှန်ပြနေတဲ့လက်တံရှည်တွေဟာ ဂျောင်ကုဘယ်လောက်တောင်အလုပ်ထဲမှာနှစ်မြောသွားခဲ့လဲဆိုတဲ့သက်သေပင်။ဒါကြောင့် ဆွဲထားတဲ့ပုံရိပ်လေးကိုသိမ်းဆည်းလိုက်ပြီး ခြေညောင်းလက်ဆန့်ပြုကာ အောက်ထပ်ကိုဆင်းရတော့သည်။ဂျောင်ကုအလုပ်မပြီးမချင်း အပေါ်ထပ်ကိုတက်လာမှာမဟုတ်တဲ့နှလုံးသည်းပွတ်လေးတွေကိုသွားခေါ်ရဉီးမည်လေ။အောက်ဆုံးလှေကားထစ်ကိုဆင်းပြီးပြီးချင်း ဧည့်ခန်းထဲကနေပျံ့လွှင့်လာတဲ့အသံတွေကြောင့် TVဖွင့်ထားမှန်းသိလိုက်ရပြီမို့ စားပွဲပေါ်မှာတင်ထားတဲ့remoteနဲ့TVအရင်ပိတ်လိုက်သည်။ပြီးမှ TVကြီးဖွင့်လျှက်နဲ့အိပ်ပျော်နေတဲ့မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်နေတဲ့သားသားကိုအသာပွေ့လိုက်ပေမယ့် အအိပ်ဆတ်တဲ့မောင်ဟာလန့်နှိုးလာခဲ့ပြီမို့ သားသားကိုသွားသိပ်လိုက်မယ့်အကြောင်းနဲ့ အခန်းထဲဝင်အိပ်ဖို့ပြောလိုက်သည်။ဂျောင်ကုနဖူးပြင်နဲ့ သားသားရဲ့ပါးပြင်ကိုအသာနမ်းကာ အိပ်ချင်မူးတူးယိုင်တိယိုင်တိုင်နဲ့ထွက်သွားတဲ့မောင့်နောက်ကျောပြင်လေး အိမ်အပေါ်ထပ်ကိုတက်သွားပြီဆိုတော့မှ သားသားကိုပွေ့ထားလျှက်နှင့် အိမ်အောက်ထပ်မီးတွေပိတ်ကာ အပေါ်ထပ်ကသူ့အခန်းလေးထဲသွားသိပ်ရတော့သည်။

ကားပုံစံဖော်ထားတဲ့အိပ်ရာလေးပေါ်တင်ပေးလိုက်ပြီး ဖက်လုံးကိုသူ့အနားတိုးပေးလိုက်တော့ ဖက်လုံးကိုခိုအားလားလေးကပ်တွယ်သကဲ့သို့ ခြေတွေရော၊ လက်တွေရောဖက်တွယ်ပြီးအိပ်သွားတဲ့သားသားရဲ့နဖူးပြင်လေးကို အသာနမ်းပြီးပြီဆိုမှ ညအိပ်မီးဖွင့်ပေးကာ ကိုယ့်အိပ်ခန်းထဲပြန်လာခဲ့လိုက်သည်။အခန်းတံခါးဖွင့်ကာဝင်ဝင်ချင်းမှာပဲ မြင်လိုက်ရတဲ့အိပ်ရာပေါ်ကပုံရိပ်လေးဟာ သားသားနဲ့တစ်ပုံစံတည်း ဖက်လုံးကိုဖက်တွယ်ပြီးအိပ်ပျော်နေခဲ့တာပင်။အိပ်ပျော်တဲ့ပုံစံချင်းတောင်ဆင်တူတဲ့သားအဖဟာ တကယ်ကိုcopy....pasteလုပ်ထားသကဲ့သို့ဆင်တူချက်က အသိမိတ်ဆွေတွေကအစ သားသားကို'ဆော့ဂျင်ပေါက်စလေး'ဟု ခေါ်ဝေါ်စနောက်ရသည်အထိပင်။

Ko Ko's Koo||Kim Jungkook One shot collection||Where stories live. Discover now