2:Daddy's Baby Boy

2.6K 234 105
                                    

Unicode & Zawgyi

Unicode

ဆိုးလ်မြို့၊ဆင်ခြေဖုံးရပ်ကွက်၊ညသန်းခေါင်ယံ

ဆင်ခြေဖုံးရပ်ကွက်ဖြစ်သည့်အလျှောက်မပြည့်ဝသောလျှပ်စစ်အလင်းရောင်အားနဲ့အတူအရာရာဟာလင်းတစ်ဝက်၊ပျက်တစ်ဝက်။လူသွားလူလာမဆိုထားနှင့်ဖြတ်သွားမည့်ခွေးတစ်ကောင်တောင်မရှိသောကတ္တရာလမ်းမကြီးသည်လည်းခြောက်ခြားစရာအတိ။ထိုအချိန်မှာပဲတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တဲ့2022 lastest motorcycleတစ်စီး။ကတ္တရာလမ်းတစ်လျှောက်ဟာလည်းဆိုင်ကယ်မီးရောင်ကြောင့်လင်းထိန်သွားပြီးရပ်ကွက်တစ်ခုဟာလည်းဆိုင်ကယ်သံကြောင့်အိပ်ပျော်ရာမှနိုးထလာသယောင်။တစ်နေရာရောက်တော့တိကနဲရပ်သွားတဲ့မော်တော်ဆိုင်ကယ်နဲ့အတူတစ်လှမ်းချင်းလှမ်းလာတဲ့မော်တော်ဆိုင်ကယ်ပိုင်ရှင်။

အထက်အောက်အနက်ရောင်ဝမ်းဆက်ကအမှောင်ထဲမှာတောက်ပလွန်းသည်။ဘယ်တုန်းကရထားတယ်မသိတဲ့နဖူးပေါ်ကဒဏ်ရာဟာသွေးအနည်းငယ်စို့နေပေမယ့်လုံးဝမှဂရုမစိုက်သည့်ပုံ။ဆိုင်ကယ်နောက်ခုံအောက်မှာညှပ်ထားတဲ့ဘော့စ်ဘောတုတ်တံကိုဂုတ်ပိုးပေါ်တင်၍သယ်ဆောင်လာသူဟာအပီအပြင်ကိုဖြဲတော့မည့်ဟန်။

"ကဲ....ဘယ်လိုလဲbabyလေး.....မင်းရဲ့Sugar Daddyကြီးဘယ်မလဲ"

မျက်နှာချင်းဆိုင်မှာရပ်နေတဲ့လူအုပ်အားကိုးနဲ့မိုက်ဖို့ကြိုးစားနေတဲ့မနူးမနပ်ကောင်လေးတွေအားအကြည့်စူးစူးတစ်ချက်ဖြင့်နှုတ်ဆက်လိုက်သည်။အခုရောက်နေတဲ့နေရာ၊အခုလိုပုံစံအနေအထားအရသေချာပေါက်ချိန်းပွဲဆိုတာမေးစရာတောင်မလို။အခုသူ့ရှေ့မှာရပ်နေတဲ့ဆန်ကုန်မြေလေးတွေဟာလည်းဂျောင်ကုရဲ့မြောက်များလှစွာသောရန်ဖြစ်ဖော်ရန်ဖြစ်ဖက်ထဲကတစ်အုပ်ပင်။ရန်​ဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းကတော့ဂျောင်ကုရဲ့relationshipကြောင့်ပင်။တကယ်ဆိုသူတို့နဲ့ဘာမှမဆိုင်ပါဘဲနဲ့ဝင်,ဝင်ဟောင်ကျသည်။ဂျောင်ကုဘယ်သူနဲ့တွဲတွဲ၊ဘယ်သူနဲ့နေနေဒင်းတို့အပူတစ်ပြားသားမှမပါ။ဒါကိုကြားထဲကနေဘာကိုလောင်မှန်းမသိလောင်နေတဲ့ကောင်တွေရဲ့အလိုကျဒီနေရာထိကြွလာရတာဖြစ်သည်။ရန်ဖြစ်တယ်လို့ခေါင်းစဉ်တပ်ထားပေမယ့်လွတ်လပ်ရေးရနေတဲ့တစ်လအတွင်းအပျင်းပြေရုံပါ။

Ko Ko's Koo||Kim Jungkook One shot collection||Where stories live. Discover now