6;FAMILY:The Home

1.3K 121 12
                                    

Unicode & Zawgyi

Unicode

အိပ်ခန်းတစ်ခန်း၏အလယ်တည့်တည့်ရှိ ကြီးမားလှသောအိပ်ရာကြီး၏ခြေရင်းတွေ ဖုန်းကိုလက်တစ်ဖက်ကကိုင်ထားကာ နောက်တစ်ဖက်ကခါးကိုထောက်ထားရင်း နှုတ်ခမ်းကိုသည်းကြီးမည်းကြီးကိုက်နေသူတစ်ယောက်ရှိလေသည်။နာရီကိုကြည့်လိုက်တော့ ညခုနှစ်နာရီထိုးပြီးကာစ။အခုချိန်ထိအိမ်ပြန်မလာသေးတဲ့ အကြင်ခင်ပွန်းအားစောင့်နေတာမှန်သော်လည်း ချစ်မြတ်နိုးစွာနဲ့ ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်ပြီးစောင့်နေခြင်းတော့မဟုတ်။အခုချိန်မှာထိုမျက်နှာချောချောကိုမြင်လိုက်တာနဲ့ ကုတ်သတ်ပစ်ချင်စိတ်တွေက ဘယ်လောက်တောင်များနေလဲဆိုရင် မျက်နှာလှလှလေးတစ်ခုလုံး နီရဲနေတာကသက်သေပင်။

အခုထိမကိုင်သေးတဲ့ဖုန်းဆိုပြီးစိတ်တိုချင်ပေမယ့် အကွက်စေ့လွန်းတဲ့ထိုလူက အိမ်မပြန်လာမချင်းဖုန်းကိုင်နိုင်မှာမဟုတ်ဘူးဆိုပြီး ကြိုပြောထားတာမို့ စိတ်တိုလို့လည်းမရ။ဒါ့အပြင် အခုချိန်ထိဘယ်တွေလျှောက်သွားနေတာလဲဆိုပြီးရစ်ရအောင်လည်း ကုမ္ပဏီထဲကစထွက်ပြီဆိုကတည်းက ဘယ်ရှယ်ယာရှင်နဲ့ဘယ်ဟိုတယ်မှာညစာသွားစားရပါမယ်ဆိုပြီး သူ့အတွင်းရေးမှူးကိုအစီရင်ခံစာတင်ခိုင်းထားတော့ ကိုယ့်မှာရစ်ချင်၊စိတ်ကောက်ချင်တာကို မနည်းအောင့်အီးသည်းခံနေရသည်။ကောင်စုတ်ကလေးဟုဆိုကာ ငါးနှစ်ငယ်သောထိုကလေးအား ထိပ်နာနာခေါက်ပစ်ရအောင်လည်း အခုအသက်အရွယ်က အဲ့လိုကလေးဆန်တာတွေလုပ်လို့မရတော့တဲ့အရွယ်။သို့သော် ပန်းချီဆရာရဲ့ဉီးနှောက်ဆိုသည့်အတိုင်း ရုတ်တရက်ထင်းလင်းလာတဲ့အကြံဉာဏ်ကြောင့် ဝတ်ထားတဲ့အဝတ်အစားကိုသပ်သပ်ရပ်ရပ်ပြန်ပြင်ကာ ခေါင်းတွေဘာတွေဖြီးပြီး တစ်ဖက်ကအခန်းသေးသေးလေးထဲ နံရံကိုဖောက်ထားတဲ့အတွင်းတံခါးမှတစ်ဆင့်ကူးသွားလိုက်သည်။

"သား"

ခုံသေးသေးလေးပေါ်မှာထိုင်ကာ ဂျောင်ကုဝယ်ပေးထားတဲ့ရောင်စုံ​ခဲတံတွေနဲ့အလုပ်ရှုပ်နေတဲ့ ပေါက်စအနား တိုးကပ်ကာခေါ်လိုက်တော့ ရောင်စုံခဲတံလေးအောက်ချကာ ပါးစုံများမို့အောင်ပြုံးပြနေတဲ့ ချစ်စရာကလေးငယ်လေးကိုတွေ့လိုက်ရသည်။

Ko Ko's Koo||Kim Jungkook One shot collection||Where stories live. Discover now