5.1;I love U first

1.5K 160 34
                                    

Unicode & Zawgyi

Unicode

အီဟယ်အထက်တန်းကျောင်း

နီညိုရောင်သံကွေးများအပေါ်တွင်ရွှေရောင်ကနုတ်စာလုံးများဖြင့်ခန့်ညားထည်ဝါစွာရေးသားထားသောဆိုင်းဘုတ်ကြီးကိုမော့ကြည့်နေရင်းစိတ်ဖိစီးသလိုခံစားလာရသောကြောင့်အသက်ကိုပြင်းပြင်းရှူထုတ်လိုက်သည်။ကြီးမားကျယ်ပြန့်တဲ့ကျောင်းဝန်းကြီးနဲ့အတူသစ်လွင်တောက်ပြောင်စွာဝတ်စားထားတဲ့ကျောင်းတော်သူကျောင်းတော်သားများကိုကြည့်ပြီးသိမ်ငယ်လာသည်။အီဟယ်အထက်တန်းကျောင်း။တောင်ကိုရီးယားရဲ့အဆင့်မြင့်ဆုံးနဲ့နာမည်အကြီးဆုံးအထက်တန်းကျောင်း။ထူးချွန်လှတဲ့ကျောင်းသူကျောင်းသားများကိုမွေးဖွားသည့်အနေဖြင့်ရော၊ကျောင်းတွင်းအကြမ်းဖက်မှုများကြောင့်ရော၊တော်တန်ရုံဘယ်သူမှမတတ်နိုင်တဲ့ကျောင်းဖြစ်တာကြောင့်ရောပေါင်းပြီးနာမည်ကြီးသောကျောင်း။ဤအထက်တန်းကျောင်းသို့ရောက်လာကြသောကျောင်းသားကျောင်းသူများမှာထိပ်တန်းစီးပွားရှင်များ၏သားသမီးများ၊ဝန်ကြီး၊အမတ်စသည်တို့၏သားသမီးများ၊ရှန်းရှန်းတောက်နာမည်ကြီးသောသူများစသည်စသည်ဖြင့်ရွှေလင်ဗန်းနှင့်အချင်းဆေးသောသူများသာတက်ရောက်နိုင်သောကျောင်းလည်းဖြစ်သည်။

သို့သော်ယခုထိုကျောင်းဆိုင်းဘုတ်ရှေ့တွင်ရပ်နေသောဂျောင်ကုမှာတော့ထိုလူတန်းစားထဲတွင်မပါဝင်ပေ။သာမန်အညာတရလူတစ်ယောက်သာဖြစ်ပြီးမိဘမဲ့တစ်ယောက်လည်းဖြစ်နေပြန်သေးသည်။ဂျောင်ကုအလယ်တန်းတတိယနှစ်မှာတင်အမေဟာဆုံးပါးသွားခဲ့ပြီးအဖေဆိုတာကတော့မွေးကတည်းကမမြင်ဖူးချေ။အမေဆုံးပြီးအဒေါ်နဲ့အတူနေသော်လည်းကံကြမ္မာဇာတ်ဆရာကဂျောင်ကုကိုတော်တော်မုန်းတီးနေပုံရသည်။အလယ်တန်းမတတ်ခင်တစ်လလောက်အလိုမှာတင်ကားအက်ဆီးဒင့်ကြောင့်ဆုံးပါးသွားခဲ့ရပြန်သေးသည်။လျှော်ကြေးရလိုက်သော်လည်းဂျောင်ကုဟာတော့လောကကြီးထဲတစ်ယောက်တည်းကျန်ခဲ့လေသည်။အခုကျောင်းဟာလည်းဂျောင်ကုအခြေအနေနဲ့သာဆိုအရိပ်တောင်နင်းနိုင်မှာမဟုတ်ပေမယ့်တစ်နှစ်တစ်ခါပေးတဲ့ပညာသင်ဆုကိုရရှိခဲ့ခြင်းကြောင့်သာဖြစ်သည်။

Ko Ko's Koo||Kim Jungkook One shot collection||जहाँ कहानियाँ रहती हैं। अभी खोजें