5.2;I Love U First

1.4K 164 40
                                    

Unicode & Zawgyi

Unicode

"Dr.Jeon......ဌာနမှူးခေါ်နေပါတယ်"

အခန်းပေါက်ကနေခေါင်းပြူကာလာခေါ်တဲ့သူနာပြုလေးအားခေါင်းညိမ့်ပြကာဖတ်လက်စဆေးမှတ်တမ်းစာအုပ်ကိုပိတ်ပစ်လိုက်ပြီးတန်းမှာလွှားထားတဲ့ဂျူတီကုတ်အဖြူရောင်ကိုဝတ်ဆင်လိုက်သည်။Style pantအနက်​ရောင်၊ကော်လံရှပ်အပြာနုရောင်လေးအပေါ်မှာထပ်ဝတ်ထားတဲ့ဂျူတီကုတ်အဖြူရောင်၊ပြောင်လက်နေတဲ့ရှူးဖိနပ်အနက်ရောင်တို့ကိုတွဲဖက်ဝတ်ဆင်ထားပါသောDr.Jeonလို့အများကခေါ်ဝေါ်ကြတဲ့ဂျူဟယ်အဆင့်မြင့်ဆေးရုံကအထွေထွေခွဲစိတ်ဆရာဝန်ဂျွန်ဂျောင်ကုဟာအရင်တုန်းကBullyလုပ်ခံခဲ့ရတဲ့ခပ်ညံ့ညံ့အထက်တန်းကျောင်းသားလေးမဟုတ်တော့ပါဘူး။မကောင်းတဲ့အတိတ်ဆိုးမှန်သမျှကိုအတတ်နိုင်ဆုံးအစဖော်ဖို့မကြိုးစားတော့ဘဲနေလာခဲ့တာအခုဆိုရင်ဆယ်နှစ်။ရက်သတ္တပတ်တွေအလီလီပြောင်းလို့ဆယ်နှစ်ဆိုတဲ့အချိန်ကာလကိုဖြတ်သန်းရောက်ရှိခဲ့ပေမယ့်ကိုယ့်ကိုစောင့်နေပေးဆိုတဲ့စကားတစ်ခွန်းတည်းပြောပြီးထွက်သွားခဲ့သူကတော့ပြန်မလာခဲ့ပါဘူး။သူကပဲလိမ်ညာခဲ့လေသလား။ဂျောင်ကုကပဲတုံးအ ခဲ့လေသလားမသဲကွဲပေမယ့်နောက်ဆုံးခံစားရသူဟာလည်းဂျောင်ကုပါပဲ။ပြန်တွေးစရာအမှတ်တရမရှိ၊လွမ်း၍ကြည့်စရာဓာတ်ပုံမရှိ၊သူ့နာမည်ကင်မ်ဆော့ဂျင်ဆိုတာကလွဲဘာမှမသိတဲ့သူတစ်ယောက်ကိုဆယ်နှစ်ဆယ်မိုးစောင့်ခဲ့တဲ့ဂျောင်ကုကအရူးတစ်ယောက်ပေပဲလား။ဘာကိုမှမတွေးချင်တော့ပါ။

သူ့ကိုလွမ်းတိုင်းအီဟယ်ကျောင်းဆီသွားလည်ဖြစ်တယ်။ဖြေမဆည်နိုင်အောင်သတိရတိုင်းသူပေးခဲ့တဲ့Banana Milkနဲ့တံဆိပ်တူတာကိုမရ,ရအောင်ရှာဝယ်တယ်။ဒီလိုနဲ့ပဲဖြတ်သန်းခဲ့ရတဲ့ဆယ်နှစ်တာသောကာလမှာလွမ်းရင်မျက်ရည်မကျတော့တဲ့အထိရင့်ကျက်ခဲ့ပြီ။

တွေးရင်းဆွေးရင်းနဲ့တင်ဌာနမှူးအခန်းရှေ့ရောက်ခဲ့ပြီမို့တံခါးကိုခေါက်ကာခဏရပ်စောင့်နေလိုက်သည်။အထဲကပြန်သံပေးလာပြီဆိုမှဝင်သွားလိုက်တော့အသင့်ဖျော်ထားတဲ့ကော်ဖီနှစ်ခွက်ကိုစားပွဲပေါ်တင်ပြီးဂျောင်ကုကိုလှမ်းကြည့်နေတဲ့ဌာနမှူးနဲ့ဆုံတယ်။ဒါကြောင့်မျက်နှာချင်းဆိုင်အသင့်လုပ်ပေးထားတဲ့နေရာမှာဝင်ထိုင်လိုက်တော့အရင်စကားစလာတာကဌာနမှူး။

Ko Ko's Koo||Kim Jungkook One shot collection||Where stories live. Discover now