4:မောင့်ဆီသို့......[Edit ver.]

1.4K 127 24
                                    

Unicode & Zawgyi

Unicode

နေရောင်တောက်ပစွာဖျာကျနေသောနွေဉီး၏နွေးဖျသောရွေရောင်အလင်းတန်းလေးသည်အထပ်မြင့်ကွန်ဒိုတစ်ခု၏ပြတန်းပေါက်ထဲသို့တည့်မတ်စွာတိုးဝင်သွားသည်။ထိုအလင်းတန်းကြောင့်အိပ်ယောက်အိပ်ကုတင်ကြီး၏ဘေးအစွန်တွင်ခွေခေါက်အိပ်ပျော်နေသောကောင်လေးတစ်ယောက်၏မျက်လုံးတွေဟာလည်းပွင့်ဟလာခဲ့သည်။သို့သော်တစ်စုံတစ်ခုလစ်ဟာနေသောကုတင်၏ညာဖက်ခြမ်းလေးကိုကြည့်ကာမျက်ရည်တွေကရစ်ဝိုင်းလာသည်။သို့ပေမယ့်လွမ်းခဲ့ရသောငါးလတာကာလသည်မျက်ရည်တွေကိုခြောက်ခမ်းသွားစေသည်။စိတ်အစုံကဝမ်းနည်းနေပေမယ့်မျက်ရည်ကကျမလာ။အိပ်ရာဘေးNight Standပေါ်ကရှပ်အဖြူနဲ့ညနေဆည်းဆာကိုငေးနေတဲ့နတ်ဘုရားတစ်မျှသောရုပ်ရည်ကိုမြင်မိတော့ရင်ထဲစို့နစ်လာသည်။

ခြောက်ကပ်နေတဲ့နှုတ်ခမ်းတစ်စုံဟာနည်းနည်းဖြူ​ဖတ်ဖြူရော်နိုင်နေတယ်။Lip blamတစ်ခုခုဆိုးထားသင့်တာကိုသိပေမယ့်ခြောက်ကပ်ချိန်မရှိလောက်အောင်စိုစွတ်စွတ်အနမ်းတွေပေးတတ်တဲ့နှုတ်ခမ်းထူထူလေးတစ်စုံကိုရူးမိုက်စွာစောင့်မျှော်နေတုန်းပဲ။နိုးနေပေမယ့်မထချင်သေးတာကြောင့်အိပ်ရာထက်မှာခွေခွေလေးလှဲလျောင်းနေလိုက်ပြီးတစ်ဖက်ကခေါင်းအုံးလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။စိတ်ပဲထင်နေလို့လား၊တကယ်လားမသိပေမယ့်မောင်လိမ်းတတ်တဲ့Hair coatအနံ့လေးမွှေးတုန်းပဲ။ထိုခေါင်းအုံးလေးကိုမျက်နှာအပ်လို့မငိုကြွေးမိအောင်ထိန်းထားလိုက်ပြီးမျက်လုံးတွေကိုပြန်မှိတ်ထားလိုက်သည်။ဆက်၍တွေးပြီးငေးနေချင်ပေမယ့်တစ်နေ့တာရဲ့တာဝန်ဝတ္တရားတွေဟာထမ်းဆောင်ရဉီးမှာမို့အားယူထလိုက်ပြီးရေချိုးခန်းထဲဝင်သွားလိုက်သည်။

မျက်နှာသစ်ရေချိုးပြီးအဝတ်လဲရန်အတွက်ဗီရိုကိုဖွင့်လိုက်တော့ကြိုနေကျလာဗင်ဒါရနံ့လေးကတော့တာဝန်မပျက်ရှာပါဘူး။ဗီရိုအတွင်းတံခါးမှာတိပ်လေးနဲ့ကပ်ထားတဲ့လာဗင်ဒါပန်းခက်လေးဟာခြောက်သွေ့နေပေမယ့်မွှေးတုန်းပါပဲ။ဒီလိုပန်းလေးကပ်ထားတတ်တဲ့ကိုယ့်ကိုမောင်ပြောနေကြစကားလေးတစ်ခွန်းရှိတယ်။"အချစ်ကသိပ်ကဗျာဆန်တာပဲ"တဲ့။

Ko Ko's Koo||Kim Jungkook One shot collection||Where stories live. Discover now