အပိုင်း-၃၄

4.5K 226 10
                                    

(Unicode)

လေယာဥ်ကွင်းကိုရောက်တော့ အရင်ရောက်နှင့်နေကြသည့် စစ်သက်ပိုင်ကို မိသားစုနှင့်အတူတွေ့လိုက်ရသည်။ ညီမလေးအိမ့်မြတ်သွင်ကတော့ ခုန်ပေါက်ပျော်ရွှင်စွာဖြင့် စစ်သက်ပိုင်ဆီသို့ တန်းပြေးလေတော့သည်။

"မယ်အိမ့်မြတ်သွင် အကိုမှားနေပြီနော်"

"ကိုကြီးကိုက အိမ်မှာနေ့တိုင်းတွေ့နေရတာလေ။ ကိုကြီးသက်ကိုကျတော့ တခါတလေမှတွေ့ရတာ...ဟွန့်"

အံ့မိုးသွင်ကမနိုင်သည့်ဟန် ခေါင်းခါပြတော့ စစ်သက်ပိုင်သည်လဲ ခပ်ဖွဖွပြုံးကာ အိမ့်မြတ်သွင်၏ပါးကိုဆွဲ၏။

"ကမ်းကပ်ရင် ဘာလက်ဆောင်တွေဝယ်ခဲ့ပေးရမလဲ"

"ဟီး...လိုချင်တဲ့စာရင်းက ကိုကြီးဆီမှာရှိတယ်။ ကိုကြီးတို့နှစ်ယောက်စလုံး ညီမလေးပေးလိုက်တဲ့ စာရင်းကို သေချာကြည့်ပြီး ဝယ်လာပေးကြနော်။ အရင်တခါကလို မှားဝယ်လာရင် နှစ်ယောက်လုံးကို စိတ်ကောက်ပစ်မှာ"

"ဟုတ်ကဲ့ ခင်ဗျ"

အံ့မိုးသွင်၏နောက်တောက်တောက်အပြုံးတို့ကို စစ်သက်ပိုင်သည်လဲ သဘောတူစွာခေါင်းငြိမ့်ရင်းပြုံးပြလေသည်။

နှစ်ဖက်မိသားစုတွေကတော့ သူတို့ရဲ့စကားဝိုင်းလေးကို ကြည့်ရင်းတပြုံးပြုံးနဲ့သာ။ စစ်သက်ပိုင်၏ မိဘတွေကို ဝန်ခံဖွင့်ပြောပြီးနောက်ပိုင်းမှာ မိဘတွေရဲ့သဘောထားကတော့ သဘောတူသည်လဲမဟုတ်၊ မတူသည်လဲမဟုတ်ပဲ ဘာမျှမပြောကြပေ။စစ်သက်ပိုင်၏အခြေအနေအား သူ့မိဘတွေမှ အနည်းငယ်သိရှိထားသည်ကြောင့် ဘာမှမပြောသည်လားတော့ မသိပါချေ။ အမေကတော့ "သားတို့ချင်းအဆင်ပြေရင် ရပါပြီ" ဟုသာ ပြောလေသည်။

"အကြော်အလှော်တွေကို သားတို့နှစ်ယောက်စာ ထည့်ပေးလိုက်တယ်နော်။ အဲ့ဒါကြောင့် သင်္ဘောပေါ်မှာ ထမင်းစားရတာ အဆင်မပြေရင် အားမနာနဲ့ယူသာစား"

"ဟုတ်ကဲ့ အန်တီ ကျေးဇူးပါ။ သားတို့ကြောင့်ပင်ပန်းသွားရပြီ"

"မလိုပါဘူးကွယ်။ သင်္ဘောပေါ်မှာလဲ ထိခိုက်မှုမရှိအောင် ဂရုစိုက်ကြနော်။ တစ်ယောက်ကိုတစ်ယောက်လဲ စောင့်ရှောက်ပြီးနေကြ"

ပင်လယ်ပြင်ကို သက်သေတည်၍ [Complete]Where stories live. Discover now