အပိုင်း-၁၄

4.5K 277 4
                                    

(Unicode)

နောက်ဆုံးတွင်တော့ သင်္ဘောသည် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် ကမ်းကပ်ခဲ့လေသည်။ ဆိပ်ကမ်းကပ်၍ ကုန်တင်ကုန်ချ​ခြင်းမှာ အချိန်နှစ်ရက်လောက် ကြာမြင့်မည်ဖြစ်သဖြင့် သင်္ဘောပေါ်ရှိ လူများသည် ဂျူတီနားချိန်အတွင်း ကမ်းပေါ်သို့တက်ကာ လျှောက်လည်ရင်း လိုအပ်သည်များ ဝယ်လေ့ရှိကြသည်။ ဂျူတီချိန်များသည် တစ်နေ့ကို ၁၂နာရီဝင်ရသည်မို့ ကျန်သည့် ၁၂နာရီတွင် ကမ်းပေါ်တွင် လွတ်လပ်စွာနေခွင့်ရှိပြီး နောက်တစ်နေ့ ဂျူတီချိန်အမှီတော့ ပြန်ရောက်ရမည်ဖြစ်သည်။

စစ်သက်ပိုင် ကမ်းပေါ်တက်ပြီး လိုအပ်တာများဝယ်ရန်အတွက် အပြင်ထွက်မလို့ပြင်ဆင်နေခိုက် နားထဲကြားယောင်လာသော အသံများ။

"သက်ပိုင် ဒီတစ်ခေါက် ကမ်းကပ်ရင် ငါနဲ့အတူလျှောက်လည်ရအောင်"

"မလည်ချင်ဘူး"

"ဘာလို့လဲကွာ မင်းကလဲ။ ငါနဲ့အတူလျှောက်လည်ရအောင်ပါ။ လိုအပ်တာလေးတွေ ဝယ်ပြီး အတူလျှောက်သွားကြမယ်"

"ဘာလို့ ငါက မင်းနဲ့သွားရမှာလဲ"

"ငါအရင်တခေါက် သင်္ဘောလိုက်တုန်းက ကိုရီးယားကို ကမ်းကပ်တာကြောင့် ရောက်ဖူးတယ်။ မင်းကအခုမှ ပထမဆုံးမလား။ အဲ့ဒါကြောင့် ငါကမင်းကို Guideလုပ်ပြီးခေါ်သွားမယ် မကောင်းဘူးလား"

"ငါ့မှာ Google Map ရှိတယ်။ မင်းမလိုဘူး"

"အာ...သက်ပိုင်ကလဲ အတူသွားရအောင်ပါ လုပ်ပါ  လုပ်ပါ"

"အင်း အင်း"

လပ်တော့ဖြင့် အလုပ်ကိစ္စများလုပ်နေသည်ကို ဘေးနားက မနားမနေ လာပွမ်နေသဖြင့် နားငြီးသက်သာအောင် သဘောတူလိုက်ရသည့်ဖြစ်ရပ်။

ယခုတွင်တော့ သူတယောက်ထဲသာ။
အဝေးကြီးလဲသွားဖို့ရာ အစီအစဥ်မရှိပဲ လိုအပ်တာလေးတွေဝယ်ရန်သာ စီစဥ်ထားသည်မို့ ပေါ့ပေါ့ပါးပါးပဲ ဝတ်ဆင်ကာကမ်းပေါ်တက်လိုက်၏။ ဆိပ်ကမ်းအပြင်ထွက်လာကာမှ တိုက်ခတ်လာသော ချမ်းစိမ့်လှသည့် လေအေးများကြောင့် စစ်သက်ပိုင်ကြက်သီးများပင်ထသွား၏။

ပင်လယ်ပြင်ကို သက်သေတည်၍ [Complete]Where stories live. Discover now