အပိုင်း-၁၉

6.1K 349 31
                                    

(Unicode)

အခန်းတံခါးအား ဖွင့်လိုက်တော့ အခန်းထဲရှိပစ္စည်းများအားလုံး ပြုတ်ကျရွေ့လျားပြီး ရှုပ်ယှက်ခတ်ကာ ဗြုတ်စဗြဲနောင်းဖြစ်လို့နေသည်။ လူတောင် မတ်တပ်ကောင်းကောင်း မရပ်နိုင်သည့်အထိ သင်္ဘောမှာ လှုပ်ခါယမ်းနေသည်ကြောင့် သက်မဲ့ပစ္စည်းများဆိုလျှင် ဆိုဖွယ်ရာမရှိနိုင်တော့။

အံ့မိုးသွင်နှင့် စစ်သက်ပိုင်လဲ အခန်းထဲရှိ ကျကွဲနိုင်သည့် ပစ္စည်းများ၊ အရေးကြီးပစ္စည်များအား အလျှင်စလိုသိမ်းဆည်းကာ မထိခိုက် မပျက်ဆီးစေမည့်နေရာသို့ ရွေ့ပြောင်း သိမ်းဆည်းရတော့သည်။

လူကိုယ်တိုင်လဲ မထိခိုက်နိုင်မည့် နေရာတစ်ခုကို ရွေးချယ်၍ နှစ်ယောက်သား အခန်းထောင့် တစ်နေရာတွင် ထိုင်နေကြရတော့သည်။ ထွက်ပြေးစရာ မြေလဲမရှိသည်မို့ ငြိမ်ငြိမ်လေးသာ ထိုင်နေရင်း မုန်တိုင်း​ဗဟိုချက်ကလွတ်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေရုံသာရှိသည်။

ဘေးဘက်ရှိ စစ်သက်ပိုင်၏ လက်ကလေးအား ဆုပ်ကိုင်လိုက်ချိန်မှာတော့ လက်ဖျားတို့က အေးစက်နေသည်မှာ ရေခဲတုံးအလား။ မဖော်ပြပေမယ့် သူလဲကြောက်လန့်နေမှာ အမှန်ပင်။ ကိုယ်တိုင်တောင် ဘယ်လောက်ကြောက်ပြီးထိတ်လန့်နေရသလဲ ကိုယ့်ကိုကိုယ်သာအသိဆုံးမို့ပင်။ သို့သော်လဲ စစ်သက်ပိုင်အား စိတ်သက်သာရာရစေရန်အတွက် လက်အား ဆုပ်ကိုင်လိုက်ပြီးနောက်

"စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ။ ငါတို့ မုန်တိုင်းထဲက ထွက်နိုင်မှာပါ"

စစ်သက်ပိုင်က သူ့အားညှိုးငယ်သော အကြည့်များနှင့်သာ တုန့်ပြန်ပါသည်။ ယခုထိတိုင် လွန်စွာအားကောင်းလှသော မုန်တိုင်းကတိုက်ခတ်နေဆဲ ဖြစ်သဖြင့် မုန်တိုင်းထဲက မထွက်နိုင်ဖို့ဆိုတာ လုံးဝသေချာသလောက်ဖြစ်နေသည်ကို စိတ်ထဲက သိရှိပြီးသားပေ။

ဘာမျှမတတ်နိုင်ပါပဲ ထောင့်တစ်နေရာမှာ ငြိမ်သက်စွာ ထိုင်နေရင်းသာ တတ်သမျှမှတ်သမျှ ဘုရားစာတွေရွတ်ဆိုရင်း တိုင်တည်ဆုတောင်းမိသည်။ အချင်းချင်းဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကတော့ ယှက်ဖြာလျှက် ဆုတောင်းတွေကတော့ တစ်ခုထဲသာ။

ပင်လယ်ပြင်ကို သက်သေတည်၍ [Complete]Where stories live. Discover now