အပိုင်း-၂၃

4.5K 250 20
                                    

(Unicode)

အင်ဂျင်ခန်းထဲတွင် အလုပ်လုပ်နေခိုက် စကားပြောစက်မှ ပေါ်ထွက်လာသောအသံ။

"သက်ပိုင်...အသက်"

စကားပြောစက်မှ မြန်မာဘာသာစကားထွက်လာသောအခါ အင်ဂျင်ခန်းမှ လူများအားလုံးက နားမလည်သော်လဲ စစ်သက်ပိုင်အားပြုံးစိစိဖြင့် ဝိုင်းဝန်း ကြည့်ရှုကြလေသည်။

"ဂျူတီချိန်ထွက်ရင် အခန်းထဲမပြန်ပဲ ကုန်းပတ်ပေါ် တက်ခဲ့နော်။ ငါမင်းကို ပြစရာရှိလို့"

လက်တွင် အင်ဂျင်ဆီမည်းများ ပေနေသည်ကြောင့် စစ်သက်ပိုင်ပြန်မဖြေဖြစ်လိုက်။

"အလုပ်မှာ ဂရုစိုက်အုံးနော် အသက်။
ဒဏ်ရာမရစေနဲ့။ လွမ်းတယ်"

သင်္ဘောတစ်ခုထဲတွင် ဖြစ်တာတောင် အပိုတွေလုပ်ကာ အသည်းယားစဖွယ် ပြောဆိုနေသည့် အံ့မိုးသွင်ကြောင့် စစ်သက်ပိုင် ပြုံးမိ၏။

"မင်းတို့ နှစ်ယောက်က သင်္ဘောတွေရဲ့ အလေ့အထကြီးတစ်ခုကို ချိုးဖောက်လိုက်တာပဲ"

"ဘာကိုလဲ"

"အော်...သင်္ဘောတွေမှာ Engine နဲ့ Deck ပိုင်းက မတည့်ကြတဲ့ အလေ့အထရှိတယ်လေကွာ။ တချို့သင်္ဘောတွေဆို ဌာနနှစ်ခုမတည့်ကြလွန်းလို့ တိုင်ကြတောကြတဲ့အထိတောင် ဖြစ်ကြသေးတာ။ မင်းတို့နှစ်ယောက်က အဲ့ဒီ မတည့်တဲ့အလေ့အထကြီးကို ချိုးဖောက်ပြီး ချစ်ခင်နေကြလို့ပါ"

အင်္ဂလိပ်စကားပေမယ့် ဟိန္ဒူသံဝဲဝဲနှင့် ပြောနေသော အိန္ဒိယနိုင်ငံသား အရာရှိကိုတော့ စစ်သက်ပိုင် သဘောတကျ ပြုံးပြရုံသာ တတ်နိုင်ပါတော့၏။

အချိန်အနည်းငယ် ကြာမြင့်လာသောအခါ လူကြားသူကြားမရှောင် ကလူကျီစယ်တတ်လှသော အံမိုးသွင်ကြောင့် သင်္ဘောပေါ်ရှိ တချို့လူများသည့် သူတို့နှစ်ယောက် အကြောင်းကို ရိပ်မိလာကြလေပြီ။ နိုင်ငံပေါင်းစုံ လှည့်လည်သွားလာနေကြသည်မို့ ဒါမျိုးတွေဟာ မထူးဆန်းတော့သည့် လူများလဲရှိသလို၊ ယခုထိတိုင် အမြင်ကျဥ်းမြောင်း၍ ကဲ့ရဲ့ပြစ်တင်ကြသူများလဲ ရှိသေးသည်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြသည်မို့ ဘာမျှမတတ်နိုင်ပေ။ နားလည်လက်ခံပေးသည့် လူများကိုအပြုံးဖြင့်တုံ့ပြန်ကာ ကဲ့ရဲ့ပြစ်တင်ရှုံ့ချကြသူများကိုတော့ လျှစ်လျူရှုလိုက်ပါမည်။ သူ့တစ်ဘဝလုံး ကဲ့ရဲ့ပြစ်တင်ပြောဆိုခဲ့ကြသူတွေ အများကြီးနှင့် ကြုံတွေ့ခဲ့ရပြီးပြီမို့ ကိစ္စမရှိ။

ပင်လယ်ပြင်ကို သက်သေတည်၍ [Complete]Opowieści tętniące życiem. Odkryj je teraz