အပိုင်း-၅

5.1K 302 54
                                    

(Unicode)

အခန်းထဲမှာ လက်ပ်တော့တစ်လုံးဖြင့် အလုပ်ကိစ္စများ မှတ်သားနေခိုက် မျက်လုံးထောင့်မှ မြင်နေရသော ထမင်းဘူးလေး။ ထိုဘူးပေါ်မှာတော့ ထိုင်းမင်းသားနှစ်ယောက်၏ပုံကို စတေကာဖြင့် ရိုက်နှိပ်ထား၏။ ထိုထမင်းဘူးကို မြင်သည်နှင့် အတွေးထဲ ဝင်ရောက်လာသော အံ့မိုးသွင်၏ မျက်နှာ။ မျက်မှောင်ကုတ်လိုက်မိပြီး ထိုထမင်းဘူးအား မြင်ကွင်းမှ မမြင်နိုင်သည့် နေရာသို့ တွန်းဖယ်ရွေ့ပြောင်းလိုက်သည်။ လက်ပ်တော့ဖြင့် အလုပ်ကိစ္စများ ဆက်လက်စစ်ဆေးနေခိုက် တံခါးခေါက်သံကြားလိုက်ရသည်။

တံခါးအားဖွင့်လိုက်တော့ ရှေ့တွင်ဘွားခနဲပေါ်လာသည်က အံ့မိုးသွင်။

"ဘာကိစ္စလဲ"

"ထမင်းဘူး လာတောင်းတာ"

"မရှိတော့ဘူး လွှင့်ပစ်လိုက်ပြီ"

"ဟင်...တကယ်လား"

စစ်သက်ပိုင်က ပြန်မဖြေတော့ပဲ စိတ်မရှည်ဟန်ဖြင့် စိုက်ကြည့်လိုက်တော့ အံမိုးသွင်မှာ နည်းနည်းတော့ မျက်နှာမကောင်းဖြစ်သွားသည်။

"အာ....အဲ့ဒါက ညီမလေး ထည့်ပေးလိုက်တဲ့ ဟာ။ သူပေးလိုက်တာတွေ မရှိတော့ရင် စိတ်ဆိုးတော့မှာပဲ"

အံမိုးသွင်၏ စိတ်မကောင်းဖြစ်သွားဟန် လေသံကြောင့် စစ်သက်ပိုင် အနည်းငယ်တော့ အားနာသွားမိပေမယ့် မာန်ကိုတင်းကာဖြင့် လေသံမာမာ ဆက်ပြောလိုက်သည်။

"ဒါပဲမလား"

"အင်း။ အင်း"

'ဂျိန်း'
ဖြေသံတောင် မဆုံးခင် တံခါး ပိတ်ချသွားသော စစ်သက်ပိုင်။ အံ့မိုးသွင်ကတော့ ညီမလေးအား ဘယ်လိုဖြေရှင်းချက်ပေးရမလဲဟု တွေးတောနေရင်း ခေါင်းကုတ်ကာဖြင့် အခန်းရှေ့မှာ ကြောင်တောင်တောင် ရပ်နေမိဆဲ။

ခုံမှာပြန်ထိုင်ကာ လက်ပ်တော့အား ဆက်ကြည့်နေသော်လဲ အာရုံကသိပ်မရတော့ပဲ စားပွဲထောင့်က ထမင်းဘူးဆီပဲ အကြည့်တို့ခဏခဏရောက်နေသည်။ အာရုံလုံးဝစိုက်လို့မရတော့သောကြောင့် သက်ပြင်းချရင်းသာ ထိုထမင်းဘူးကို ဆွဲယူလိုက်မိတော့သည်။

ပင်လယ်ပြင်ကို သက်သေတည်၍ [Complete]Where stories live. Discover now