အပိုင်း-၂၄

4.7K 251 18
                                    

(Unicode)

ရေချိုးခန်းထဲက ထွက်လာချိန်မှာ ကုတင်ပေါ်စောင်ခြုံပြီး အိပ်စက်နေသော စစ်သက်ပိုင်ကိုတွေ့လိုက်ရသောကြောင့်

"အိပ်နေပြီလား အသက်"

ပြန်ဖြေသံမကြားရသဖြင့် ခေါင်းပေါ်ရှိဆံပင်တို့ကို တဘက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ပြီးနောက် အလျှင်အမြန်ကုတင်ပေါ်တက်လိုက်ရင်း

"အစောကြီးရှိသေးတာကို တကယ်အိပ်သွားတာလား"

"........."

တုတ်တုတ်မျှမလှုပ်ပါပဲ စောင်ခြုံအောက်မှာငြိမ်နေဆဲ စစ်သက်ပိုင်။ မအိပ်သေးမှန်းသိနေသည်ကြောင် အံ့မိုးသွင် ဆက်လက်ပြောနေမိ၏။

"ငါ မင်းကို ဖက်ထားလို့ရမလားဟင်"

".........."

"ငါ့ကို စိတ်ဆိုးနေတာလားဟင် အသက်"

"........."

"ငါဒီအတိုင်း စိတ်မထိန်းနိုင် ဖြစ်သွားလို့ပါ။ တကယ်လို့ မင်းမကြိုက်ဘူးဆိုရင် ငါနောက်ဆင်ခြင်ပါ့မယ်"

" .........."

"ငါ...တောင်းပန်ပါတယ် အသက်ရာ။ နောက်ဒီလို မဖြစ်စေရပါဘူးနော်။ စိတ်မဆိုးပါနဲ့တော့"

စစ်သက်ပိုင်၏ ပုခုံးလေးအား အသာလှုပ်ကိုင်ကာ တောင်းပန်တိုးလျှိုးမိတော့

"ငါက ဘာလို့စိတ်ဆိုးရမှာလဲ မဆိုးဘူး"

"အသက်က စကားပြန်မပြောတော့ စိတ်ဆိုးနေတယ်ထင်တာ။ ဒါဆို ငါမင်းကိုဖက်ပြီး အိပ်လို့ရမလားဟင်"

"မဖက်နဲ့။ မင်းငါ့ကို ရွံတယ်မလား။ အဲ့ဒါကြောင့် လာမထိနဲ့"

စစ်သက်ပိုင်စကားတွေက တမျိုးတဖုံထူးဆန်းနေ၍ ဟိုဘက်လှည့်ကာ လှဲနေသည့်ခန္ဓာကိုယ်အား သူ့ဘက်သို့ ဆွဲလှည့်မိလိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ အသက်။ ငါနားမလည်ဘူး"

"မင်းငါ့ကို ရွံလို့ ရေချိုးခန်းထဲက အတင်းမောင်းထုတ်တာလေ ဟုတ်တယ်မလား"

စိတ်ဆိုးနေသည့် အမူအရာဖြင့် မျက်မှောင်တို့ကြုံ့ထားသည့်တိုင် ညိုးငယ်နေသည့်မျက်ဝန်းလေးတွေ။ စစ်သက်ပိုင် တစုံတစ်ခုကို အကြီးအကျယ် အထင်လွဲသွားလေပြီ။ မျက်နှာမကောင်းသည့် စစ်သက်ပိုင်အား သူ့ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ဖက်လိုက်တော့ အတင်းရုန်းကန်လာ၏။

ပင်လယ်ပြင်ကို သက်သေတည်၍ [Complete]Where stories live. Discover now