အပိုင်း-၂၀

4.9K 272 11
                                    

(Unicode)

တံခါးအား ဆွဲဖွင့်ဖွင့်လိုက်ချင်းမှာတင် မျက်နှာချင်းဆိုင် အခန်းတံခါးဟာလဲ တချိန်တည်း ပွင့်ဟလာခဲ့သည်။

"မောနင်း သက်ပိုင်"

အချိုသာဆုံး အပြုံးတို့ကို ပြုံးပြရင်း လက်အား ဝှေ့ယမ်းကာ နှုတ်ဆက်နေသည့် အံ့မိုးသွင်ကို မြင်မြင်ချင်း မျက်နှာက ​တော်တော်လေးကို ပူလောင်လာလေသည်။ တကိုယ်လုံးရှိ သွေးကြောတွေအားလုံး ပူနွေးသွားရပြီး ရှက်စိတ်များက သွေးကြောတစ်လျှောက်ပျံ့နှံ့သွားရသည်မို့ အံ့မိုးသွင်ကို မြင်မြင်လိုက်ချင်း အခန်းတံခါးအား ပြန်လည်၍ ဆောင့်ပိတ်လိုက်မိသည်။

မနေ့က အသက်အန္တရာယ်အထိ စိုးရိမ်ခဲ့ရသောအခြေအနေမို့ ကြောက်စိတ်နှင့် လန့်စိတ်ကြောင့် ဘာမျှမတွေးတောနိုင်ပဲ နောက်ဆုံးဟု ထင်မှတ်ပြီး လုပ်ချင်ရာလုပ်ခဲ့သော်လဲ သွေးပူနေသည်မို့ သိပ်မသိသာခဲ့။ ယခုလိုမျိုး အခြေအနေအေးဆေးပြီး ပုံမှန်အသိစိတ်ရှိနေသည့် အခါမျိုးမှာတော့ အံ့မိုးသွင်ကို မြင်တွေ့လိုက်ရသည့်အခါ မနေ့ညကအကြောင်းအရာများ ပြန်လည်ပေါ်ထွက်လာ၍ စစ်သက်ပိုင် တကယ်ကို မျက်နှာပူလွန်းပြီး ရှက်လွန်းလှပါသည်။

"မျက်နှာပူလိုက်တာ တကယ်ပါပဲ။ အရင်စပြီးတော့တောင် နမ်းလိုက်သေးတယ်။ စိတ်ညစ်လိုက်တာ"

တံခါးဘောင်အား နဖူးနှင့်တိုက်ကာ စိတ်ပျက်လက်ပျက် ရေရွတ်နေသည့် စစ်သက်ပိုင်နှင့် နှုတ်ဆက်နေရင်း တဝက်တပျက်ဖြင့် အခန်းရှေ့မှာ ​ကြောင်တောင်တောင် ကျန်ရစ်ခဲ့သော အံ့မိုးသွင်။

'ဒေါက် ဒေါက်'
တံခါးခေါက်သံနောက်မှာ ဖြေးညှင်းစွာ ပွင့်ဟလာသော တံခါးချပ်လေး။ အံ့မိုးသွင်လဲ လက်ဖြင့်တွန်းကာ အခန်းထဲဝင်လိုက်တော့ မတ်တပ်ရပ်နေဆဲဖြစ်သော စစ်သက်ပိုင်။

"သက်ပိုင် ဘာဖြစ်လို့လဲဟင်"

နှုတ်ဆက်လိုက်သည်ကို တစ္ဆေသရဲမြင်သည့်အလား ထိတ်လန့်စွာဖြင့် တံခါးပြန်ပိတ်သွားသော စစ်သက်ပိုင်အား နားမလည်နိုင်စွာ မေးမြန်းမိတော့

"ဒီအတိုင်း....အခြေအနေတွေက ချက်ချင်းကြီး ပြောင်းလဲသွားတော့။ အသားမကျသေးပဲ မျက်နှာပူလို့"

ပင်လယ်ပြင်ကို သက်သေတည်၍ [Complete]Donde viven las historias. Descúbrelo ahora