အခန်း ၂ ။

Start from the beginning
                                    

တု ယုံးဝေ: “……….”  

‘ အမေ '

ထိုနေ့ညက တု ယုံးဝေတစ်ယောက် ည၁၀နာရီအထိ ကျားရုပ်အောက်မှာ ထိုင်ခဲ့ရလေသည် ။ သူမ အိမ်ပြန်‌ရောက်သောအခါ၌ ခြေထောက်တွေတင် နာတာမဟုတ်ဘဲ လေအေးတွေထဲ‌ ‌နေခဲ့ရတာကြောင့် သူမ အသံတွေပါ အက်ရှနေလေ၏ ။

ဒါပေမဲ့လည်း ဒီကိစ္စနဲ့တင် မစ္စ ကျန်း မန်လင်း ရဲ့ သနားကရုဏာကို မရနိုင်သေးပါချေ။ နောက်ရက် မှာလည်း တု ယုံးဝေ ကျားရုပ်အောက် ပစ်ထုတ်ခံလိုက်ရ ပြန်သည် ။ ဗေဒင်ဆရာ‌ ဟောထားသည့် အတိုင်း ဆိုလျှင် သုံးရက် ဆက်တိုက် လာရမည်လည်း ဖြစ်၏။

ဒီ တစ်ကြိမ်တွင်မူ တု ယုံးဝေ သင်ခန်းစာယူပြီး ဖြစ်သည့် အတွက် သူမ ခြင်ဒဏ်က ကာကွယ်ဖို့ ဖြန်းဆေး စပရေးဘူး ၊ ခြင်ဆေးခွေ၊ ခြင်ကိုက်ဖု လိမ်းဖို့ရာ ဆေး အပြည့်အစုံ သယ်လာခဲ့သည် ။ ဖုန်း အားသွင်းကြိုးလည်း အပါသယ်လာ၏ ။ အစားအစာတွေကိုက ဒီမှာခွင့်မပြုရင် စူပါမားကတ် သွားစားလို့ရသည်ပင် ။

“ အဟွတ် ! ” တု ယုံးဝေ သူမ ပါးစပ်ထဲ လည်‌ချောင်း ကို အစိုဓာတ်ပေးမဲ့ ချိုချဉ်တစ်လုံး ပစ်ထည့်လိုက်ပြီး သူမ သူငယ်ချင်းနဲ့ အမျိုးတွေဆီကို မက်ဆေ့ဂ်ျ တစ်စောင် ပို့လိုက်သည် ။

သာမန် ချမ်းသာတဲ့‌ ကောင်မလေး တု ယုံးဝေ: “ လီကျယ် ပန်းခြံရဲ့  ည၈နာရီ မြင်ကွင်းက ဘယ်လိုလဲ သိကြလား ? ငါက ညနေခင်း မြင်ကွင်းကို  ၈နာရီ၊ ၉နာရီမှာရော ၁၀နာရီမှာပါ မြင်ဖူးပြီးသွားပြီ “

မက်ဆေ့ဂျ်ကို သူမမိသားစုဝင်‌တွေ အခင်ဆုံး သူငယ်ချင်းတွေ ရှိသည့် စကားပြော ဂရုထဲ ပို့လိုက်တာ ဖြစ်သည် ။ အဓိကထား ပို့ချင်တာကတော့ သူမအမေ ဆီကိုပေါ့ ။ စွန်း ရှောင်‌ရှောင်လည်း အစက ဒီဂရုထဲမှာ ရှိ၏ ။ သို့သော် တမြန် မနေ့ကတည်းက တု ယုံးဝေ က သူမကို ထုတ်ပစ်လိုက်ပြီး ဖြစ်သည် ။

အမေ : “ ကလေးရေ ဇွဲရှိတဲ့သူက နိုင်တာပဲ ! ”

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now