အပိုင်း၁၁

Start from the beginning
                                    

သူ တကယ်ပဲ ဘာကိစ္စတွေ ကြုံတွေ့ခဲ့ရတာလဲ ၊ ဘာကိစ္စကများ သူ့ပါးစပ်ကို ဒီလောက် တင်းတင်းကြပ်ကြပ် ပိတ်ထားစေတာလဲ ဆိုသည်ကို ချိန်ပေါ်ယန်မသိပေ။ဒိီလိုပြင်းထန်သည့် ဒဏ်ရာများရထားသော ခန္ဓာကိုယ်ကို ဆေးရုံကားပါကင်ထိ ရောက်လာအောင် ဘယ်လို ဆွဲယူလာခဲ့သလဲဆိုတာကိုလည်း မသ်ိချေ။

ဒီလူဆိုးကောင်လေး၏ ခန္ဓာကိုယ်ပေါ်တွင် သူ့ကိုစိတ်လေးလံစွာ သက်ပြင်းချမိသွားစေသည့် အထူးလက္ခဏာတစ်မျိုး ရှိနေသည်ပင်။ဘာလဲ ဆိုတာကိုတော့ မပြောတတ်ပေ။သေချာပေါက်ကို သေရတော့မည့် သားကောင်က ၊ ထောင်ချောက်ထဲတွင် လက်မလျှော့စတမ်း ကြိုးကြိုးစားစားဖြင့် ရုန်းကန်နေသည်ကို မြင်နေရသလို ခံစားချက်မျိုးပင်။

ထို့အပြင်.......တကယ့်ကို အတော်လေး သည်းခံနိုင်လှသည်။

"ကျွန်တော့်ခြေထောက်ကို ချလို့ရပြီလား?"

ရှန့်ရှီးက ကုတင်ပေါ် လှဲနေရင်း သူ့ကို ကြည့်လာသည်။

"ကျွန်တော့်လည်ပင်းပေါ်က ဒီဟာကိုတောင် ဖြုတ်လိုက်ပြီပဲဟာ"

"ဒီအကာကိုတော့ နောက်ထပ် ရက်နည်းနည်းလောက် ကြာမှ ဖယ်လို့ရမှာ"

ချိန်ပေါ်ယန်က လက်ထဲရှိ လူနာမှတ်တမ်းကို ချလိုက်ပြီး

"ခြေထောက်က အရောင်သက်သာလာရင် တွဲလောင်းချိတ်မထားလည်း ရပြီ ၊ ငါ အရင်ဆုံး ကြည့်ကြည့်လိုက်ဦးမယ်"

"ဒီလို ​တွဲလောင်းချည်ထားတဲ့ ခြေထောက်ကိုသာ အောက်ချလိုက်ရင် ၊ ကျွန်တော့်ရဲ့ ခါးကြွက်သားတွေက တောင့်တင်းသွားတော့မလိုမျိုး ကျွန်တော် ခံစားနေရတယ် ၊ ခင်ဗျား ကြည့်ကြည့်လိုက် ၊ ကျွန်တော့်ဆံပင်တွေ တော်တော်လေး ရှည်လာပြီ မဟုတ်လား?"

ရှန့်ရှီးက သက်ပြင်းချလိုက်သည်။

"မော့ရှီးကန်းဖြစ်ဖို့တော့ စောနေပါသေးတယ်......."

ချိန်ပေါ်ယန်က ရှန့်ရှီး၏ ခေါင်းကို ကြည့်လိုက်သည်။

မတူညီမအပ်စပ်သောWhere stories live. Discover now