အပိုင်း (၁၈၈၅) - အမျက်ထွက်ခြင်း

548 87 0
                                    

Zawgyi


"ဘုန်း"

ဒိကျဲ့သည် သူ့ဘေးမှ လက်ဖက်ရည်စားပွဲကို လက်ဖြင့်ရိုက်လိုက်ပြီး အံကြိတ်ထားလေသည် "အဲဒီတစ္ဆေကြင်ယာတော် တစ်နေ့တော့ ငါ သူမကို သတ်မယ်"

"သခင် တစ္ဆေကြင်ယာတော်အကြောင်းကို နောက်မှပြောမယ်.. အခုက သခင်မလေးရဲ့အခြေအနေသိပ်မကောင်းဘူး" ဒိလျူပြောလေသည် "အပေါ်က လာတဲ့ သတင်းတွေအရဆိုရင် သခင်မလေးနောက်ကို လိုက်သတ်နေတာ အကြိမ်ပေါင်းမနည်းတော့ဘူးတဲ့"

"အခုနောက်ပိုင်း တစ္ဆေကြင်ယာတော်လွန်လာပြီ သူမကို မျက်ခြေမပြတ် စောင့်ကြည့်ထား ဒိလျူ လူခေါ်ပြီးငါနဲ့လိုက်ခဲ့.. ငါ့ဝမ်းကွဲညီမကို လက်နဲ့ထိရဲတဲ့ လူတွေကို ငါ ကြည့်ချင်တယ်" ဒိကျဲ့သည် အင်္ကျီလက်ကို ခါလိုက်ပြီး ယပ်တောင်ကို ဝေ့ယမ်းလိုက်သည်။

"ဒါပေမဲ့ သခင် ဒီမှာဘာခံတပ်မှမရှိရင် တစ္ဆေကြင်ယာတော်ကို ခုခံလို့ရ မှာ မဟုတ်ဘူး" ဒိယိသည် ရှေ့တိုးပြီး ပြောလေသည်။

သူသည် ဤနေရာရှိ ဒိကျဲ့၏ ကိစ္စများကို တာဝန်ယူထားသူဖြစ်ရာ လက်ရှိအခြေအနေကို အရှင်းဆုံးဖြစ်သည်။ တစ္ဆေကြင်ယာတော်သည် နောက် ပိုင်းတွင် အလုပ်များနေကာ သူတို့၏ လျှို့ဝှက်ကိစ္စများကို တူးဖော်ခဲ့သည်။ သူမ ၏ လက်ရှိလှုပ်ရှားမှုများကြောင့် တချို့သော အခြေမမြဲသည့် ဂိုဏ်းများသည် ပြိုလဲကြသည်။

"ဟုတ်ပါတယ် သခင်.. သခင်မလေးဘက်မှာ အန္တရာယ်များနေပမဲ့ ဒီက အခြေအနေက ပိုအရေးကြီးပါတယ်" ဒိအာသည် ရှေ့တိုးပြီးပြောလေသည်။ သူတို့သည် အမှောင်မင်းသမီးကို အမှန်တကယ်ပင် နှစ်သက်ကြသည်။ သို့သော် ရှီမာယူယူနှင့် ပတ်သက်ဖူးခြင်းမရှိကာ သူမအပေါ်တွင်လည်း မည်သည့်ခံစား ချက်မှမရှိပေ။ သူမ၏ လုံခြုံရေးသည် အရေးကြီးသည်ဟု ခံစားရသော်လည်း လက်ရှိအခြေအနေနှင့် ယှဉ်လိုက်လျှင် ဒိကျဲ့ကို အင်ပါယာမြို့တွင် နေပြီး ကိစ္စ များကို စီမံစေချင်သည်။

"သခင် တိုင်းပြည်ပြိုင်ပွဲ စဖို့က ၁ နှစ်တောင်မလိုတော့ဘူး.. နယ်စား တော်တော်များများကလည်း သူတို့လူတွေကို ခေါ်လာနေကြပြီ တစ္ဆေကြင်ယာ တော်က အရင်အခွင့်အရေးယူပြီး သူတို့ကို သူမဘက်ဆွဲခေါ်လိုက်ရင် ကျွန်‌တော်တို့ စခန်းက အားနည်းသွားလိမ့်မယ်" ဒိဆန်းသည်လည်း ပြောလာ သည် "ပြီးတော့ တခြားမင်းသားတွေကလည်း အတည်တကျမဖြစ်သေးဘူး.. တစ္ဆေကြင်ယာတော်ကို ဖိနှိပ်ထားတယ်ဆိုပေမဲ့ သူမက လှုပ်ရှားလို့ရနေတုန်း ပဲ ဒီအချိန်မှာမှ အင်ပါယာမြို့ကနေထွက်သွားရင် တကယ်တွေးမရတဲ့ကိစ္စဖြစ် သွားလိမ့်မယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) book-10Where stories live. Discover now