အပိုင်း (၁၈၀၀) - သူက အကောင်းဆုံးပဲ

684 107 1
                                    

Zawgyi


ရှီမာယူယူ၏ မျက်လုံးများ ပင့်တက်လာသည် "အဖေ.... သူတို့အားလုံး နိုးလာပြီလား"

"အင်း သူတို့အကုန်လုံး ငါနဲ့အတူနိုးလာတာ အခုရှောင်ချီနဲ့ ကျန်တဲ့သူ တွေပဲကျန်တော့တယ်" ဝိညာဉ်လေး ပြောလိုက်သည်။

"ဒါဆိုလည်း အဖေ့ကိုသွားတွေ့ကြမယ်" ရှီမာယူယူသည် ဝိညာဉ်လေးကို မူလပုံစံအဖြစ်ပြန်ပြောင်းသွားသည့် လူနေထိုင်သော နေရာသို့ခေါ်သွားလိုက် သည်။

"ယူအာ"

"သခင်မလေး"

ရှီမာလျူရွှမ်နှင့် အန်းလေတို့သည် သူမကို မြင်သည်နှင့် ဝမ်းပန်းတသာ ပြေားလာကြသည်။

"အမေ အန်းလေ" ရှီမာယူယူသည် ရှီမာလျူရွှမ်ကို ဖက်လိုက်သည် "နောက်ဆုံးတော့ နိုးလာပြီပဲ"

"သမီးဘယ်လိုနေလဲ ဘယ်လိုတွေဖြစ်သွားတာလဲ" ရှီမာလျူရွှမ်သည် ရှီမာယူယူကိုဖက်လိုက်သည်။ သူမသည် အနည်းငယ် ကွာခြားနေသည်ဟု ခံစားရသည် "သမီးခန္ဓာကိုယ်ကဘယ်လိုဖြစ်တာလဲ"

"အဖေ စိတ်မပူပါနဲ့ သမီးအခုအဆင်ပြေသွားပါပြီ" ရှီမာယူယူသည် သူ့ကို လွှတ်လိုက်ပြီး လက်မောင်းကိုဖက်တွယ်လိုက်သည်။

"ဒါက ဘယ်လိုလုပ် အဆင်ပြေတာဖြစ်မှာလဲ ဝိညာဉ်စေတီက ပျက်စီး နေပြီ သမီးရဲ့စာချုပ်သားရဲတွေလည်း အိပ်ပျော်နေကြတယ် သမီးရဲ့စကားတွေ က ရှေ့နောက်ညီတယ်ထင်လား" ရှီမာလျူရွှမ်သည် သူမကို စိုက်ကြည့်လိုက် သည် "အဖေ့ကို စကားလမ်းကြောင်းလွှဲဖို့မကြိုးစားပါနဲ့ မှန်မှန်ပြော ပညာရှိ စံအိမ်တော်မှာတုန်းက တစ်ခုခုဖြစ်ခဲ့တယ်မလား အဖေတို့က အခု ပညာရှိ စံအိမ်တော်ထဲမှာပဲရှိသေးတာလား"

"အခုက ပညာရှိစံအိမ်တော်မှာမဟုတ်ပါဘူး" ရှီမာယူယူသည် သူ့ကို သတိရှိရှိ ကြည့်လိုက်သည် "အင်း... အခုက တစ္ဆေလောကမှာပါ"

"ဘာ... အခုက တစ္ဆေလောကမှာလား" ရှီမာလျူရွှမ်နှင့် အန်းလေတို့ သည် ထိုသတင်းကြောင့် တုန်လှုပ်သွားကြသည် "ဘာလို့ အခုတစ္ဆေလောကကို ရောက်နေကြတာလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) book-10Where stories live. Discover now