1

1.6K 42 2
                                    

ဒီ​နေ့လည်းပုံမှန်အတိုင်းပဲမနက်​စော​စောထပြီးပြေးသည်။​နွေဦးဆို​တော့ ရာသီဥတုကအရမ်းသာယာပြီးစိတ်​ကြည်နူး​စေသည်။၁နာရီခွဲ​တောင်မှ မရပ်မနား​ပြေးနိုင်ခဲ့သည်​။​​နေ့တိုင်းထ​ပြေးခြင်းရဲ့ရလဒ်​ကောင်း​တွေ​ပေါ့​။

ဆက်တိုက်​ပြေးရင်း​မောလာလို့ခဏနားမလို့လမ်း​လျှောက်​တော့ ​လူတစ်​ယောက်ကသူ့ကိုအရှိန်နဲ့ဝင်တိုက်သွားသည်။အိမ်ကထွက်တည်းကယူလာတဲ့ ​ရေဘူးအကြည်​လေးကအဲ့လူရဲ့ဝင်တိုက်မှု​ကြောင့်လွတ်ကျသွားသည်။ဒါကို​တောင်အဲ့လူက ​တောင်းပန်စကားတစ်ခွန်းမ​ပြောပဲဆက်​ပြေးသွားသည်။လှမ်းကြည့်မိ​တော့ ပိန်ပိန်သွယ်သွယ်နဲ့အနည်းငယ်အသားညိုညိုနဲ့လူ။​လေ့ကျင့်ခန်းလုပ်​နေတဲ့လူတစ်​ယောက်မဟုတ်တာ​တော့​သေချာတယ်။ဘာလို့လဲဆို​​​တော့ စွပ်ကျယ်အနက်ဟပြဲကြီးနဲ့skinnyဂျင်းအကျပ်ကိုဘယ်သူကအားကစားလုပ်ရင်ဝတ်မှာလဲ။လုပ်ရင်လည်းအဲ့လူကရူး​နေလို့ပဲ။

သူ​အဲ့လူကိုငေး​ကြည့်​နေရင်း​ရေဘူးကို​ကောက်ဖို့လုပ်​တော့ ​​နောက်ထပ်လူငါး​ယောက်​လောက်က သူ့ဆီကိုအတင်းထပ်​ပြေးလာတာ​ကြောင့် သူ​​​ရေဘူး​ကောက်လျက်သားအတိုင်းကြောင်​နေမိတုန်းထိုဝဝထွားထွားလူကြီးငါး​​ယောက်က သူ့ကို​ကျော်တက်ပြီး ခုနကသူ့ကိုတိုက်သွားတဲ့လူ​နောက်ကိုလိုက်သွားကြသည်။ကြည့်ရတာ​တော့ ထိုလူကြီးငါး​ယောက်နဲ့သူ့ကိုဝင်တိုက်သွားတဲ့လူက တစ်ခုခုငြိထားတဲ့ပုံပင်။နာမည်ကိုလည်း​အော်​ခေါ်​နေပါ​သေးသည်။နာမည်ကနည်းနည်း​တော့ ခက်တဲ့အထဲပါသည်။သို့​သော်သူက​တော့ တစ်ခါကြားရုံနဲ့တင်မှတ်မိ​နေခဲ့သည်။သူ့ကိုဝင်တိုက်ပြီး​တောင်းပန်စကားတစ်ခွန်း​တောင်မ​ပြောသွားတဲ့လူရဲ့အမည်က 'ကင်မ်ထယ်​ယောင်း' တဲ့။

​​ပြေး​နေတဲ့လူတစ်​​ယောက်​နောက်ကို ​နောက်ထပ်​လူငါး​ယောက်ကထပ်​ပြေးလိုက်​နေတဲ့မြင်ကွင်းကိုဘာရယ်မှန်းမသိ ရပ်ကြည့်​နေရင်းမှသူသတိကပ်ကာ​ရေဘူးကိုကိုင်ပြီး​ကျောခိုင်း၍အိမ်ကိုပြန်လာရ​တော့သည်။သူနဲ့မသိတဲ့လူ​တွေရဲ့ရန်ပွဲကို ကြည့်​နေမိတာ​ကြောင့်ပုံမှန်လုပ်​နေကျအလုပ်​တွေက 15မိနစ်​လောက်​နောက်ကျသွားပြီးရုံးသို့အသွားဘတ်စ်ကားကမမှီ​တော့၍ ​ပိုက်ဆံအကုန်ခံကာတက်စီနဲ့သွားလိုက်ရသည်။တစ်ခုမှမ​တွေ့ဖူးတဲ့လူ​ကြောင့် သူ့ပိုက်ဆံက​စော​​စောစီးစီးထွက်သွားရ​တော့ သူထိုလူကိုမဆီမဆိုင်အမြင်​တော့ကပ်မိသား။

Touch Your Heart(completed)Where stories live. Discover now