Unicode
[ ပြန်လည်ကြိုဆိုပါတယ် host ]
' အွင်း '
[ Mission တွေ ( ဇာတ်လိုက်နဲ့ဗီလိန်အရင်လိုပြေလည်စေရန် , ဇာတ်လိုက်မကိုအချစ်သစ်ရှာပေးရန် , မူလကိုယ်မသေစေရန် , မူလကိုယ်ရဲ့ ဆန္ဒအရချစ်တဲ့သူနဲ့ ပျော်ရှွင်ဖွယ်မိသားစုလေးထူထောင်ရန် ) အောင်မြင်လို့ ဂုဏ်ယူပါတယ် ]
' အွင်း '
[ host ပြောစရာရှိပါတယ် နောက်ကမ္ဘာမှာ ပိုင်ပိုင်လေးမလိုက်နိုင်ဘူး ]
' ဟမ် ဘာလို့ '
[ အထက်က အစည်းအဝေးခေါ်လို့ အဲ့တာကြောင့် ပိုင်ပိုင့်အစား host ကိုကူညီမဲ့ မှင်စာတစ်ယောက်ထည့်ပေးလိုက်မယ် ]
' ဟုတ်ပါပြီ အစည်းအဝေးကကြာမှာလား '
[ ကြာတယ်ပဲဆိုပါတော့ ]
' မြန်မြန်ပြန်လာနော် '
[ ဟုတ်ပါပြီ host ရေ သွားပြီနော် အကူမှင်စာလေးကိုလွတ်လိုက်မယ် ]
' အင်း '
ထို့နောက် ပိုင်ပိုင်လဲ system space မှပျောက်ကွယ်သွားတော့သည်။ ပိုင်ပိုင်ထွက်သွားပြီး ခဏအကြာမှာပဲ
[ မင်္ဂလာပါ host ကျွန်တော်က system 07 အစား တာဝန်ထမ်းဆောင်မဲ့သူပါ ]
' အင်း မင်းကိုဘယ်လိုခေါ်ရမလဲ '
[ 07 ကတော့ ကျွန်တော့်ကို ဆဲဗင်း(7) လို့ခေါ်ပါတယ် host ကတော့ အဆင်ပြေသလိုခေါ်လို့ရပါတယ် ]
' အင်း ပိုင်ပိုင်ခေါ်သလိုပဲ ဆဲဗင်းပေါ့ '
[ ဟုတ် ကိုယ်ရေးအကျဥ်းပြပါမယ် ]
ထူးခန့်ပိုင်နဲ့ system အသစ်လေးတို့ မိတ်ဆက်ပြီးနောက် ဆဲဗင်းကပဲ ဦးဆောင်ကာ ပြောလိုက်သည်။ ထူးခန့်ပိုင်လဲ ထုံးစံအတိုင်း သူ့ရှေ့က TV အပြားကြီးကိုကြည့်လိုက်တော့သည်။
အမည် - ထူးခန့်ပိုင်
အသက် - ၂၀
လိင်-ကျား
လိင်စိတ်တိမ်းညွှတ်မှု - 100%gay
တက်မြောက်ပညာ - မှတ်ဥာဏ်ပညာ, အထက်လမ်းပညာ,အတိုက်အခိုက်ပညာ, Hacking,
ပြီးမြောက်ကမ္ဘာ - 3
Mission point- 2840
Side mission point - 1000
သိုလှောင်ပစ္စည်း - အသက်ကယ်ဆေးဘူးထူးခန့်ပိုင်သူ့ရှေ့က ကိုယ်ရေးအကျဥ်းကိုကြည့်ပြီး မျက်လုံးပြူးသွားသည်။
आप पढ़ रहे हैं
ဗီလိန်အားကယ်တင်ခြင်း ( System )
काल्पनिकအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )