Arc 2.3

934 65 3
                                    

Unicode

မဟူရာတို့လဲ နေမဝင်ခင် စံအိမ်တော်ကိုပြန်လာခဲ့ကြသည်။ အိမ်ရောက်တော့ သူတိုရဲ့ဖခင်ကိုတွေ့လိုက်ရသည် ခက်ထန်နေတဲ့မျက်နှာထားကြောင့် သူတို့နှစ်ယောက် အကြည့်ချင်းစုံမိလိုက်ကြ၏။ ကောင်းသောကိစ္စမဟုတ်တာတော့ သူတို့ရိပ်မိပါသည်။ ဖခင်ဖြစ်သူက အိမ်ကိုတစ်နှစ်နေလို့ နှစ်ခါပဲပြန်လာတာတက်သည်။ ဘာအရေးကိစ္စနေနေ ဆက်သားနဲ့ပဲခိုင်းစေတက်တဲ့ဖခင်က ယခုလိုအိမ်ကိုပြန်လာတယ်ဆိုတော့။

" ပြန်လာကြပြီလား "
ဒေါသထွက်နေတာကို မြိုသိပ်ထားတာကြောင့်လားမသိ ဖခင်ရဲ့ အံ့ကြိတ်သံခပ်ဩဩက သူတို့နှစ်ယောက်ကို ကြက်သိမ်းမွေးထစေဖို့ လုံလောက်သည်။

" ဟုတ်ကဲ့ဖခင် "

" ပယင်း မင်းအပြစ် မင်းသိလား "

" ကျွန်တော့်မှာ အပြစ်မရှိပါဘူး ဖခင် အပြစ်ဖြစ်လောက်အောင်လဲ မလုပ်မိပါဘူး "

" အရှင့်ကိုအရိုသေတန်မဲ့ပြောလိုက်တာက အပြစ်မရှိဘူးတဲ့လား ? မင်းလုပ်ရက်ကြောင့် ဒီအဖေဘယ်လောက်အရှက်ရခဲ့တယ်ထင်လဲ "

' တစ်ခုခုလွဲနေသလားလို့ '

[ ဘာလွဲတာလဲ host ]

' ပယင်းနဲ့ သူ့အဖေက '

[ အစထဲက  သူတို့ဆက်ဆံရေးက မကောင်းတာပါ ]

' ဇာတ်ကြာင်းမှာက '

[ ဇာတ်ကြောင်းမှာ ဂရုစိုက်တယ် တစ်လုံးတောင်မပါဘူးလေ ပြီးတော့ ဘုရင့်ကြင်ယာတော်ဖြစ်တာကလဲ အတင်းအကြပ်စေခိုင်းတာကြောင့်  ]

" အရှက်ရတယ် ဖခင်မယ် အရှက်ရောရှိပါရဲ့လား ဇနီးဖြစ်သူကို ကိုယ်တိုင်သတ် ဇနီးဖြစ်သူဘက်ကပါလာတဲ့သားကို မှတ်ဥာဏ်ဖျောကာတဲ့အပြင် ကောဆိုတာပါဖုံးကွယ်ထားသေးတယ် အဆိုးဆုံးက သူက မဏိရာဇာနိုင်ငံရဲ့ အရေးပါအရာရောက်နေတဲ့လူမလို့ ဒီလိုလုပ်နေတာ ကျွန်တော်မသိဘူး ထင်နေတာလားဖခင် "

မဟူရာ သူမသိတဲ့အကြောင်းအရာတွေကြောင့် ဖခင်ဖြစ်သူနဲ့ အကိုဖြစ်သူတို့ ပြောနေသမျှကို ငြိမ်ငြိမ်လေး ရပ်ကြည့်နေခဲ့သည်။

" ဘာ! မင်းမဟုတ်တာမပြောလေနဲ့ မင်းတို့ကို ဒီရွယ်ထိ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာအောင် စောင့်ရှောက်ပေးတာ ဒီအဖေပါ လူဆိုရင် ကျေးဇူးသိတက်ရတယ် "

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now