Arc 3.3

745 52 1
                                    

Unicode

အေးချမ်းလှတဲ့ မနက်အချိန်အခါဝယ် တစ်ခုသောတိုက်ခန်းအတွင်းမှာရှိတဲ့ ယောင်္ကျားပျိုတစ်ယောက် ။ လှလွန်းသည်း ယောင်္ကျားတစ်ယောက်ကို လှတယ်ဟု မသုံးသင့်သော်လဲ ထိုကောင်လေးအတွက်တော့ သုံးရလိမ့်မည်။ ထိုကောင်လေးရဲ့ သဘာဝတရာကို ခံစားကြည့်ရှုမဲ့ မျက်လုံးတစ်စုံကတော့ပိတ်ထားဆဲပင်။ ထိုကောင်လေးက ဂျစ်ကန်ကန်ပုံပေါက်ပေမဲ့ ထိုဂျစ်ကန်ကန်ပုံလေးကပဲ ဆွဲဆောင်မှုရှိသယောင်။ ထိုကောင်လေးကတော့ ကျေးမူပင်။ ကျေးမူတစ်ယောက် အပူပင်မရှိအိပ်နေတုံး ရုတ်တရက်အသံဆိုးတစ်ခုကြောင့် နိုးလာခဲ့သည်။ ထိုအသံဆိုးကတော့ နှိုးစက်တစ်ခုပင်။

"  ကျစ် ဘယ်သူက နှိုးစက်ကိုဖွင့်ထားတာလဲ အိပ်ချင်ပါတယ်ဆိုကွာ " ဟုငြီးငြူးရင်း စိတ်ဆိုးမာန်ဆိုးဖြင့် အိပ်ရာထကာ ရေချိုးခန်းထဲဝင်သွားလေသည်။ ပိုင်ပိုင်ပြောတာလဲ နားထောင်ရင်းပေါ့

[ မူလကိုယ်က ကျောင်းသွားဖို့အချိန်မှီအောင် နှိုးစက်ဖွင့်ထားတာပါ ]

' ဟင့် ကျောင်းမတက်ချင်ဘူး '

[ အပျင်းထူမနေပဲ ကျောင်းကိုသာသွားပါ ကျောင်းမှာ host အတွက် သတင်းကောင်းရှိတယ် ]

' ဘာသတင်းကောင်းလဲ '

[ ကျောင်းသွားရင်သိလိမ််မယ် ပိုင်ပိုင်ကတော့မပြောပြဘူး ]

ပိုင်ပိုင်ရဲ့ တိုက်တွန်းချက်အရ ကျောင်းကိုအချိန်မှီရောက်ရန် လုံးပန်းရတော့သည်။ ကျောင်းက ၉နာရီခွဲတက်တာကြောင့် မူလကိုယ်က ကျောင်းကို ၉နာရီအရောက်သွားလေ့ရှိသည်။ နောက်ကျခြင်းလဲမရှိသလို စောသွားခြင်းလဲမရှိ အမြဲတိကျမှုရှိသည်။ 

" ကျေးမူ သားလေး ရောက်ပြီလား "

ပခုံးကိုဖက်ကာ မေးလာတဲ့ဇာတ်လိုက်မ မူလကိုယ်ရဲ့မှတ်ဥာဏ်အရ သွဲက လုံးဝမိန်းကလေးမဆန် ဒါကြောင့်လဲ ဘယ်ယောင်္ကျားမှ သူ့အနာ့မကပ်ရဲကြပေ။ အကြောင်းက အနားလာကပ်တဲ့ ယောင်္ကျားတိုင်း လင်ပေးစားတာကြောင့်ပင်။ သူ(ကျေးမူ)ကတော့ချွင်းချက်ပေါ့။

" အွင်း ရောက်ပြီ သွဲ့ ဗိုက်ဆာတယ် "

" ဟမ် ဘာမှမစားရသေးဘူးလား "

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now