Bloody Love part- 33🖤

Bắt đầu từ đầu
                                    

"သူရဲ့ နှလုံးသားက အဲ့ဒီကောင်လေးကို မှတ်ယူထားလိုက်ပြီ....."

ထိုအခါမှ ထွဋ်ရဲရင့်လဲ သဘောပေါက်ပြီး ပြုံးလိုက်သည်....

.........
..............

"ထွက်မသွားရဘူး....."

"မာမီရယ် ခဏလေးဘဲနော်...."

"ဟင့်အင်း..... "

"အားးးးးမာမီ!!!"

တစ်ဖက်က မင်းနွယ်၏ အခန်းကိုသွား၍ အခြေအနေမေးမြန်းကြည့်ဖို့ စဉ်းစားထားသော်လည်း မာမီက ဖက်ထားတာ လွှတ်မပေး......

ထို့အပြင် ပို၍တင်းကျပ်စွာ ဖက်ထားသည်.....

"ကိုယ်ရောလိုက်မှာ....."

အား!!!
အံ့ကလျာနွယ်ဆိုတဲ့ မိန်းမကြီးက အရမ်းကပ်တာဘဲ.....

ခြေထောက်က ဒဏ်ရာတွေကြောင့် လမ်းလျောက်ဖို့တောင် အနိုင်နိုင်မို့ ဆရာ ဟန်ဇင်က လဲနေဖို့သာ ပြောထားသည်.....

ဒါကိုတောင် အခုလဲ သူပါလိုက်မည်တဲ့....

ကလေးထက်ဆိုးတဲ့ သူ​ကို နောင်နောင်အခုမှ မြင်ဖူးတယ်.....

"ကဲ သဘောဘဲဗျာ.....တွဲပေးမယ်...."

ထိုသို့ခွင့်ပြုချက်ရသည်နှင့် သွားစွယ်ဖြူဖြူများ ပေါ်သည်အထိ ပြုံးပြပြန်သည်.....

တကယ်ပါဘဲ
တခါလာ အဲ့အပြုံးနဲ့ဘဲ သတ်နေတယ်....

နောင်နောင့်ရဲ့ ခန္ဓာကိုယ် သေးသေးလေးဟာ အံ့ကလျာနွယ်၏ ခန္ဓာကိုယ်ကြီးကို မနိုင်မနင်း တွဲကာ တစ်ဖက်က ကိုမင်းနွယ်၏ အခန်းစီကို အတူတူ သွားလိုက်ကြသည်.....

အခန်းထဲကို ဝင်လိုက်သည်နှင့် ကုတင်ပေါ်၌ ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ မင်းနွယ်ကို တွေ့လိုက်ရသည်.....

မင်းနွယ်အား မြင်သည်နှင့် ကလျာ၏ မျက်နှာဟာ ညိုးကြသွားသည်.....

"အော် အနောင်.....ကလျာရော ပါလာတာဘဲ....နားနေတာမဟုတ်ဘူးကွာ....."

မင်းနွယ်ကတော့ ချိုသာစွာဖြင့် ပြောပေမည့် ကလျာကတော့ တိတ်ဆိတ်စွာ နေနေသည်.....

မင်းနွယ် ခေါင်းက ပတ်တီးကိုကြည့်ပြီး တစ်ခုခုကို လန့်နေသည်ပင်.....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Nơi câu chuyện tồn tại. Hãy khám phá bây giờ