ကြိုးကိုလက်ဗလာဖြင့်ဆွဲနေတဲ့ နှစ်ယောက်လုံးရဲ့လက်တွေကတခဏအတွင်းမှာပင် နီရဲကာပေါက်ပြဲလာသည်။မွေးတည်းကခြေမွေးမီးမလောင် လက်မွေးမီးမလောင်ကြီးပျင်းလာကြသည့်သူဌေးသားလေးတွေရဲ့လက်နုနုလေးများက ယွန်းဂီရဲ့ကိုယ်အလေးချိန်ကိုဆွဲမ,ရတဲ့အတွက် အလွယ်တကူဒဏ်ရာရလွယ်သွားသည်။
ယွန်းဂီ ခါးကရစ်ထားတဲ့ကြိုးကမာတာကြောင့် ခါးတစ်ဝိုက်လုံးနာကျင်နေသည်။ဆွဲတင်လေလေ အပေါ်သို့အကူအကာမဲ့ရောက်လာတာကြောင့် ယောင်လိုပင်အောက်ကိုငုံ့မကြည့်ရဲ။နဂိုတည်းကခန္ဓါကိုယ်ကအားမရှိတော့တာရော၊အခုကြောက်နေတာကြောင့်ပါအသက်ရှုနှုန်းကသိသိသာသာကျဆင်းလာသည်။အခုဒုတိယအလွှာကိုရောက်နေပြီမို့ ခဏလောက်ကြာရင်သူမြင်ချင်တဲ့မျက်နှာလေးကိုတွေ့ရင်တော့ နည်းနည်းသက်သာကောင်းသက်သာသွားနိုင်ပါရဲ့။
"ရောက်တော့မယ်...နည်းနည်းလေးအားထပ်ထည့်လိုက်!"
နမ်ဂျွန်ရှေ့ကနေတိုင်ကန် ဆွဲတင်ရင်းထယ်ယောင်းကိုလှမ်းပြောလိုက်သည်။
"ရပြီ...ရပြီ...လာဆွဲတင်ဦး!!"
ယွန်းဂီခန္ဓါကိုယ်တစ်ဝက် အပေါ်သို့ရောက်လာတာနဲ့ ထယ်ယောင်းဆွဲနေတဲ့ကြိုးကိုပစ်ချကာ ယွန်းဂီကိုကူဆွဲတင်သည်။သူ့လက်ကပေါက်ပြဲပြီးသွေးစို့နေတဲ့ဒဏ်ရာတွေကိုတောင် ဂရုမစိုက်နိုင်ပဲယွန်းဂီကိုသာစိတ်ပူနေသည်။
"တော်သေးတာပေါ့ကွာ...စောက်ရူး!!"
"ခင်ဗျား...ခင်ဗျားအဆင်ပြေရဲ့လား"
အပေါ်သို့ရောက်ရောက်ချင်း အချစ်ဆုံးသူငယ်ချင်းရဲ့ဆူပူကျိန်းမောင်းသံနဲ့အတူ သူ့ကိုစိုးရိမ်တကြီးမေးလာတဲ့ထယ်ယောင်းကိုတွေ့ရသည်။တော်သေးတာပေါ့...ကင်မ်ထယ်ယောင်းဘေးကင်းလို့တော်သေးတယ်။
"ရေသောက်ချင်တယ်"
လည်ချောင်းတစ်ခုလုံးခြောက်သွေ့နေတာမို့ မေးခွန်းတွေကိုတောင်ပြန်မဖြေနိုင်ပဲခေါင်းညိတ်ပြ၍သာ ရေကိုတောင်းရသည်။
![](https://img.wattpad.com/cover/343188361-288-k750844.jpg)