>>13<<

186 24 28
                                    

အချိန်ကြာလာသမျှ ကင်မ့်ခြေလှမ်းတွေစပျက်စပြုလေပြီ။ နားလည်ပေးရမှာပေါ့လို့တော့အခြားသူတွေနဲ့မတူ။ အခြေအနေမဟန်တာနဲ့ ပျက်နေတဲ့ခြေလှမ်းကို ရိုက်ချိုးမဲ့သူပင်။ တစ်ပက်ကျော်ကျော်ရှိပြီ ကိုယ့်အနားတောင်သေချာမကပ်တာ ။ ကျောင်းပိတ်ရက်ဆိုဂျီမင်းနဲ့အတူအပြင်ထွက်တယ်။ စာလုပ်ရမယ်ဆိုတဲ့ဆင်ခြေပေးပြီး ရှောင်ထွက်တယ်။ အခုထိစကားတောင်သေချာမပြောရသေး။

"ဒယ်ဒီ ကင်မ့်သွားတော့မယ် စက်ဘီးဘဲစီးသွားလိုက်မယ်ဂျီမင်းနဲ့"

"အွန်း "

ပြေးထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်းခံစားလိုက်မိသလို။ အရင်ဆိုမသွားခင်မကြိုက်ရင်တောင်အမြဲနမ်းသွားတက်ပြီး မျက်နှာချိုလေးသွေးပြတက်တဲ့သူကအခုမှဘာလို့လဲ ။

"ဂျောင်ကု ငိုနေတာလား "

"ဟင် မငိုပါဘူး"

လိမ်ရာကျသွားသလား။ ကျစ်* မင်းတစ်ခုခုဆိုလို့ကအသေသတ်ပြစ်မိလိမ့်မယ်ကင်မ်။ မင်းကြောင့် ငိုပါနေရပြီ။

"သွားကြရအောင် yoongi hyung"

Yoongi နဲ့jungkookတို့ကုမ္ပဏီထွက်လာခဲ့ကြသည်။

အမှန်တော့ထယ်ကဂျီမင်းနဲ့သွားမှာမဟုတ် ။ မကြာခင်ကကျောင်းပြောင်းလာတဲ့ namjoon hyungနဲ့သွားမှာပင်။ hoseok hyungကစောင့်ရှောက်ပေးဖို့မှာထားသည်မို့။namjoon hyungငှားနေသည့်အိမ်ကိုသွားခေါ်ပေမဲ့မတွေ့တာကြောင့်seokie hyungအိမ်သွားကြည့်ပြန်တော့လည်းဘယ်သူမှမရှိပါ။

-------------------

ဟိုတလောကတွေ့ခဲ့ဖူးတဲ့ကောင်လေးကိုစိတ်ထဲထူးဆန်းနေသည်မို့ လူမသိအောင်တိတ်ဆိတ်စွာစုံစမ်းကြည့်မိရာ ။ထင်ခဲ့သလိုပင်။  သို့သော် ပါးကသိသွားသည်။ အငယ်လေးကိုကာကွယ်ရမည်။

"ကင်မ်နမ်ဂျွန်း ပြောစမ်း..!!"

"....."

"ပြော..ထယ်ယောင်းဘယ်မှာလဲ.!"

"ဟင့်အင်း ပါးတော်ပါတော့ မားမားလဲအများကြီးခံစားရပြီးပြီ ညီလေးကိုမလုပ်ပါနဲ့တော့"

"တောက်စ် ရွှမ်း..!!ရွှမ်း..!!ရွှမ်း..!!"

"အွန်းး"

ပါးကခါးပက်နဲ့ရိုက်သည် နာကျင်မှုတွေကြောင့်အသံပါမထွက်နိုင်တော့ ၊ သေသွားဖို့ပင်ဆုတောင်းမိသည်အထိ။ အဲ့လိုသာဆို ထယ်လေးအကြောင်းလဲပြောစရာမလိုတော့ဘဲနာကျင်မှုလဲမခံစားရတော့။ ဟိုဆော့ကီကိုလဲတောင်းပန်မိသည်။

"ဝုန်း.!!"

ပွင့်ဟသွားတဲ့မြေအောက်ခန်းတံခါးနှင့် ပြေးဝင်လာသောကောင်လေးတစ်ယောက်။

"ဟိုဘီ .. "

"ဂျွန်း .."

"မင်းက မင်း သေပြီမဟုတ်လား ဂျောင်ဟိုဆော့"

"မသေပါဘူးခင်မျ ခင်များအရှင်လက်လက်မြေမြုတ်ခဲ့တဲ့ခွေးကောင်ကအခုထိသက်ဆိုးရှည်တုန်းဘဲ ဟက်ခ်! "

"တောက်စ်! ဒီတစ်ခါသေအောင်သတ်မှာ"

"လာစမ်းပါ ခင်များရဲ့ အရင်ကလိုအူတူတူလေးမဟုတ်တော့ဘူး "

ဘေးကဓားလေးကိုဆွဲယူလိုက်ကာ ဟိုဆော့ဆီပြေးဝင်လာတဲ့ပါး ဟိုဆော့ရှေ့ကနေနမ်ဂျွန်းပိတ်ရပ်လိုက်သည်။

"မထိနဲ့..!! "

အရှိန်နဲ့ပြေးဝင်လာတဲ့ သူရဲ့ဓားကဟိုဆော့ကိုမထိဘဲ ဟိုဆော့ရှေ့ရပ်ခံလိုက်တဲ့နမ်ဂျွန်းရဲ့ရင်အုံကိုထိုးဖောက်သွား၏။

"ဂျွန်း.. ဂျွန်းငယ်.."

"....ငါ ငါလုပ်တာမဟုတ်ဘူးနော် မင်းကြောင့် မင်းရှေ့ပိတ်ရပ်လို့ဖြစ်တာ"

ခွပ်!

"လူမဆန်တဲ့သူ ဂျွန်းငယ်သာတစ်ခုခုဖြစ်ကြည့် ခင်များအသေဘဲ အခုဂျောင််ဟိုဆော့က ခင်များသတ်ခဲ့တဲ့ကလေးလေးမဟုတ်တော့ဘူး"

ဂျွန်းငယ်ကိုပွေ့ချီကာထွက်ခဲ့ပြီးအနီးအနားဆေးရုံကိုပြေးဝင်သွားလိုက်သည်။

.......

ကျနော်voteနဲ့cmသတောင်းစားပါ

သနားကြပါခင်ညာ🙏

〝Daddy Love Me〞Where stories live. Discover now