>>3<<

276 32 16
                                    

နောက်ဆုံးတော့စောင့်မျှော်နေတဲ့ကျောင်းပိတ်ရက်ကလေးရောက်လာခဲ့ပြီ။ ကင်မ်ယောင်းတစ်ယောက်ထူးထူးခြားခြားမည်သူမျှလာနိုးစရာပင်မလိုဘဲ ၈နာရီကိုထနေခြင်း ဂျောင်ကုပါအံ့သြရသည်။ ကင်မ်ယောင်းအတွက်ဂျောင်ကုကကိုယ်တိုင်မနက်စာပြင်ပေးနေကြဖြစ်၍ ယနေ့ကတော့ဂျောင်ကုမအားသည့်အတွက် ယွန်းဂီလက်ရာသာစားရမည်။ ယွန်းဂီကမိသားစုလည်းမရှိတာကြောင့် ဂျွန်စံအိမ်တွင်သာနေသည်။ အသက်ကတော့သိပ်မကွာတာကြောင့် hygလို့သာခေါ်သည်။ daddyကိုလဲစရင်းနောက်ရင်း kookie hyungလို့ခေါ်တက်၏။

"Yoongi hyung ဘာတွေလုပ်နေတာလဲ"

"မုန်လာထုပ်ဂင်မ်ချီ ဂျီမင်းအိမ်သွားမလို့မလား ယူသွားလိုက် မနက်စာစားပွဲပေါ်မှာအဆင်သင့်လုပ်ပြီးပြီ စားပြီးသွားမယ် ငါလိုက်ပို့မယ်"

"ရတယ် ကျွန်တော့်ဘာသာသွားမယ် လင်ယောက်ျားကိုပေးချင်တာလေးလဲယူသွားပေးပါ့မယ်"

"ဂျွန်ကင်မ်ယောင်း..!! အဲ့လိုမနောက်စမ်းနဲ့လို့ပြောထားတယ်မဟုတ်လား"

"ဟွန်း!"

ကင်မ်ယောင်းတစ်ယောက် ဆောင့်ကြီးအောင့်ကြီးဖြင့် စားပွဲပေါ်ရှိ ပေါင်မုန့်တစ်လုံးကိုပါးစပ်ထဲပလုပ်ပလောင်းသွပ်ကာ နွားနို့ကိုကုန်အောင်မော့သောက်လိုက်၏။ ကင်မ်ကကော်ဖီမကြိုက်သည့်အတွက် ကော်ဖီဆိုလက်ဖြင့်တောင်မတို့ဖူးပါ။

ပြီးတာနဲ့ ဂျီမင်းအိမ်ကိုထွက်လာခဲ့သည်။ စထားလို့ရှက်နေတဲ့ယွန်းဂီဟျောင်းတစ်ယောက်ကတော့လိုက်မပို့တော့ပါ။

----------------

အဆင်တန်ဆာတွေအပြည့်ဖြင့်စီချယ်ထားသောစံအိမ်ကြီး၏ဧည့်ခန်းဆိုဖာတွင် ကျော့ကျော့မော့မော့ဝတ်ဆင်ကာ ခြေချိတ်ထိုင်နေသောအမျိုးသမီးတစ်ယောက်။ အသက်အားဖြင့် ၄၀ကျော်ဝန်းကျင်တော့ရှိလိမ့်မည်။ သူမ၏ရှေ့မျက်နှခြင်းဆိုင်တွင်တော့ suitကိုသေသပ်စွာဝတ်ဆင်ထားသော ၂၄နှစ်ဝန်းကျင်ကောင်လေးတစ်ယောက်ထိုင်နေသည်။

----------

ဂင်မ်ချီဘူးလေးဆွဲပြီးစက်ဘီးလေးနင်းကာ ဂျီမင်းငှားနေသောတစ်ထပ်တိုက်ကလေးသို့။ ဂျီမင်းမှာမိဘမရှိတော့ အဒေါ်ဖြစ်သူကစောင့်ရှောက်ထားခြင်း။ လွန်ခဲ့သည့် ၂နှစ်လောက်ကမှအဒေါ်လုပ်သူကဆုံးသွားခဲ့သောကြောင့် ဂျီမင်းတစ်ယောက်တစ်ကောင်ကြွက်ဘဝသို့ကူးခဲ့ရသည်။ အဒေါ်ဖြစ်သူ၏အိမ်ဟာလည်း အကြွေးဖြင့်သိမ်းခံလိုက်ရပြီဖြစ်ရာ ကင်မ်ကဂျောင်ကုကိုပြောကြည့်တော့ အကြွေးတွေကိုဂျောင်ကုကအကုန်ဆပ်ပေးသွားခြင်း။ နေစရာအတွက်ကအိမ်တွင်လာနေလို့ရသလို ကွန်ဒိုတွေလဲအများကြီးပိုင်တဲ့သူမို့ ကူညီပေးမယ်ပြောသော် ဂျီမင်းကလက်မခံခဲ့။ ရရာအချိန်ပိုင်းအလုပ်အကုန်စုံအောင် လိုက်လုပ်ပြီး ရလာတဲ့လုပ်အားခလေးနဲ့ စျေးသက်သာတဲ့အိမ်လေးကိုငှားနေသည်။

ကြိုးမဲ့နားကျပ်လေးတပ်ဆင်ကာလေလေးတစ်ဖြူးဖြူးခံစားရင်း စက်ဘီးကိုနင်းလာခဲ့ရင်း ရှေ့မကြည့်နောက်မကြည့် နင်းလာတဲ့စက်ဘီးသမားတစ်ယောက်နဲ့ဝင်တိုက်မိပြီးနှစ်ယောက်လုံးလဲကျသွား၏ တော်သေးသည်က ဦးလေးလုပ်သူ၏လင်တော်မောင်အတွက်ကင်မ်ချီတွေမှောင်မကျသွား။ ရှေ့မကြည့်နောက်မကြည့်ကောင်ကသူ့ရဲ့စာအုပ်တွေကိုဘဲအရင်ကောက်နေပြီး လူကိုရှိတယ်လို့တောင်မထင်။ စိတ်တိုတိုနဲ့ထကာ စက်ဘီးကိုပြန်ထူ တောက်ထောက်ပြီး ။ ရှေ့မကြည့်နောက်မကြည့်မျက်မှန်နဲ့ကောင်ရှေ့သွားလိုက်သည်။ ကြည့်ရတာ ကင်မ့်ထက်၂နှစ်လောက်တော့ကြီးလောက်မည်။

"ဟေ့လူကြီး "

"ဗျာ!"

စာအုပ်တွေကိုလက်မှာပိုက်ရင်းမော့ကြည့်လာကာ လက်ထဲရှိစာအုပ်အထူကြီးတွေကိုစက်ဘီးခြင်းသွားထည့်ပြီးနောက်လျှောကျနေတဲ့မျက်မှန်ဝိုင်းကြီးကိုလက်ခလယ်သုံးပြီးပင့်တင်လိုက်၏။


ဒါသွယ်ဝိုက်နည်းနဲ့ဆဲတာဘဲ..!!

"ရားးခင်များကကန်းနေလို့လား ပြီးတော့ စက်ဘီးနင်းတာကိုလဲ သေချာမနင်းဘူး ယိုင်တိုင်တိုင်နဲ့  ကားနဲ့သာတိုးရင်သေချာပေါက်ဂန့်ပြီဘဲ မြေနိုး!"

"......"

ကင်မ်ယောင်း၏တရပ်စပ်စကားသံတွေနောက်မှာ ကောင်လေးတစ်ယောက်ဘာမှမပြောနိုင်တော့ရှာ။

"ကျွန်တော့်နမည်........."

----------------

ဟဲဟဲ upတွေမှန်နာနော်
မချစ်ချင်ကြဘူးလား
👻👻

〝Daddy Love Me〞Where stories live. Discover now