››1‹‹

748 51 49
                                    

အနက်ရောင်ကားပေါ်မှ၁၈နှစ်အရွယ်ကောင်လေးတစ်ယောက်။ ထိုကား၏နောက်တွင်လဲအခြားသောအနက်ရောင်ကားတွေ၃စီးလောက်ရှိနေသည်၊ ကားနက်လေးမောင်းထွက်သွားတာနဲ့တစ်ပြိုင်ထဲ နောက်မှကားတွေကလဲအလျှင်အမြန်လိုက်သွားကြသည်။

Jeon jungkook အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေသူ။ ၁၈ပေမဲ့ company ceoတစ်ယောက်။  ဖြူဖြူသေးသေးပါဘဲ နုသည်တော့မထင်လိုက်နဲ့ လက်တွင်tattooအပြည့် နှုတ်ခမ်းတွင် lip ringနှစ်ကွင်းရှိကာမျက်ခုံးတွင်လည်းရှိ၏ all blackကိုအမြဲဝတ်ဆင်တက်သည်။ မျက်ဝန်းတို့၏ကြည်လင်ပျက်သားမှုကြောင့်မြင်သူငေးရသည်။ စီးပွားရေးတင်မကအရာရာတိုင်းမှာအမြင်ကျယ်ပြီးအောင်မြင်သည် hot boyလိုလို bad boyလိုလို ခပ်ချေချေtypeမျိုးဖြစ်သည်။  ဒေါသထွက်နေတဲ့အချိန်တောင်ချောမောနေသူ ။ ပျိုမဒီများသာမကပုရိသများပါတဝဲလည်လည်ဝန်းရံနေသည့်နှင်းဆီခိုင်ကြိီးလဲဖြစ်သည်။ မြင်သူတိုင်းသမင်လည်ပြန်ငေးသွားရမည့် ဓာတ်ခံလေးကလဲရှိနေပြန်ပါ၏။ ဘယ်သူမှမမြင်နိုင်သလို ဘယ်သူ့ရှေ့မှလဲထုတ်မပြဘူးတဲ့ jeon jung kookရဲ့တစ်ဖက်ခြမ်းကပုံစံအစစ်မှန်လေးလဲရှိသည်။

Jungkook ကနိုင်ငံခြားတွင်သာနေထိုင်ခဲ့ပြိီး ကိုရီးယားမြေကိုယခုနဲ့မှနှစ်ခါသာ ရောက်ဘူးခဲ့တာဖြစ်၏။

ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ

*** ဂေဟာ>>

ဒီနေ့အိုမားရဲ့နှစ်ပက်လည်နေ့ဖြစ်သည်။ ထို့ကြောင့် အိုမားကြီးပြင်းခဲ့သော ဂေဟာကိုလာရောက်ပြီး ကလေးတွေအတွက်လိုအပ်တာတွေဖြည့်ပေးဖို့ပင်။ အရင်နှစ်ကအိုမားနှစ်ပက်လည်နေ့မှာလဲယခုလို လာရောက်ဖြည့်တင်းပေးခဲ့သည်။ အရင်နှစ်လာကတည်းက ဒီဂေဟာကမျက်ဝန်းပြာလေးနဲ့ကောင်လေးတစ်ယောက်ကိုအာရုံစိုက််မိနေခြင်းပင်။ မျက်ဝန်းပြာတို့ကလှသည်ဟုဘဲဆိုရမလား အတော့်ပင်ညို့ယူနိုင်ပါသည်။ ဒီတစ်ခေါက်လာခြင်းသည် အိုမားနှစ်ပက်လည်အတွက်လဲဖြစ်သလို ထိုကလေးအားစူးစမ်းကြည့်ဖို့လဲဖြစ်ပါသေးသည်။

ㅡㅡㅡㅡㅡ

ဂေဟာရောက်တော့ကားတွေကိုအပြင်တွင်ထားခဲ့ပြီးအထဲဝင်ခဲ့သည်။ bodyguard တွေကိုအပြင်တွင်ထားခဲ့ပြီး လိုအပ်တာတွေကူညီပေးဖို့ ကိုယ်ရေးအတွင်းရေးမှူးဖြစ်သလို အကိုလိုခင်ရတဲ့သူငယ်ချင်းလဲဖြစ်သည့်  မင်ယွန်းဂီ အချေစိန်ကြီးကိုသာခေါ်လာခဲ့သည်။

〝Daddy Love Me〞Where stories live. Discover now