အဆင်တန်ဆာတွေအပြည့်ဖြင့်စီချယ်ထားသောစံအိမ်ကြီး၏ဧည့်ခန်းဆိုဖာတွင် ကျော့ကျော့မော့မော့ဝတ်ဆင်ကာ ခြေချိတ်ထိုင်နေသောအမျိုးသမီးတစ်ယောက်။ အသက်အားဖြင့် ၄၀ကျော်ဝန်းကျင်တော့ရှိလိမ့်မည်။ သူမ၏ရှေ့မျက်နှခြင်းဆိုင်တွင်တော့ suitကိုသေသပ်စွာဝတ်ဆင်ထားသော ၂၄နှစ်ဝန်းကျင်ကောင်လေးတစ်ယောက်ထိုင်နေသည်။
အမျိုးသမီးဟာထိုင်ရာမှထလာပြီး
ရှေ့မှကောင်လေးရှေ့ခါးကိုကိုင်းချလိုက်သည်။"မင်းကသိပ်လှတယ် အဟက် အပြစ်အနာအဆာလဲမရှိဘူး အင်း...အငယ်အနှောင်းဖြစ်ခဲ့ဘူးတာကလွဲရင်"
"ဟား ဒီမယ် ကျုပ်ကဘယ်သူအငယ်အနှောင်းမှမဟုတ်ဘူး ခင်များလင်ကိုယ်တိုင်ကငမ်းငမ်းတက်ခဲ့တာ ငြင်းခဲ့တာတောင် ကျုပ်အသွေးအသားကိုလိုချင်ခဲ့တာ.!"
ဟုတ်ပါ၏။ အဲ့နေ့က yoongi hyungသာရောက်မလာခဲ့ရင်...ကျုပ်ဘဝကနွားအိုမြတ်နုကြိုက်တဲ့ဘိုးတော်လက်ထဲမှာညစ်ထေးရတော့မှာ ။ လုံးဝပြန်မတွေးချင်တဲ့အတိတ်ထဲကတစ်ခုပေါ့။
ဖြန်း..!
*ဝုန်း..!
ဂျောင်ကုကစားပွဲကိုလက်နဲ့ထုကာထရပ်လိုက်ပြီး
"ကျုပ်ပါးကိုရိုက်ရဲတာလား..!"
"အေး လင်ငယ်ကောင် ထွီး ရွံဖို့ကောင်းလို့..!"
"ကျစ်! စိတ်ပျက်စရာဘဲ "
"မင်းကများပြောရတယ် အဟင်း စနှိုက်ကောင်..!"
"ခင်များကမှရွံစရာဘဲ ကျုပ်အဖေလို့မခေါ်ထိုက်တဲ့အဖေနဲ့အကြိမ်ကြိမ်ခိုးစားပြီး သူတော်ကောင်းလိုဟန်လုပ်နေတာ "
"မင်း မင်း..!"
စိတ်ပျက်လက်ပျက်နဲ့ထွက်လာခဲ့သည်။ အဒေါ်ဖြစ်သူတစ်ယောက်မည်သို့ဆွေ့ဆွေ့ခုန်နေခြင်းကိုလဲမြင်ချင်မနေ။
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
တိုသွားတယ် မီယာန်းပါ😖