ကျောင်းပြန်လာတော့ ဧည့်ခန်းမှမြင်ကွင်းကစိတ်ရှုပ်စရာ။
ဒယ်ဒီကဘယ်ကမှန်းမသိတဲ့အမျိုးသမီးနဲ့နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင်ပူးကပ်ထိုင်နေကြသည်။
ဒူးဖုံးသည်ထိရှည်ပြီးလက်အနားတွင်မျော့ဖြင့်ပိတ်ထားသောအတွန်းလေးတွေပါသည့်ဂါဝန်လက်ရှည်ကိုဝတ်ဆင်ထားသည့်မိန်းကလေးနှင့်ခါတိုင်းလို suitသာဝတ်ထားသည့်ဒယ်ဒီကကင်မ့်ကိုမြင်တော့ ချက်ချင်းထလိုက်ကြပြီး။
"ဒီက ကင်မ်ယောင်းထင်တယ်နော် ဟို..ကိုယ်ကlee SoEun(အီဆိုအွန်း)ပါ"
"ဒါ ဒယ်ဒီလက်ထပ်မဲ့မိန်းကလေး ကင်မ်"
"ဘာ..! ရူးနေတာလား လက်ထပ်မယ်..!!"
"ကင်မ်..!!"
စကားပြောတာရင့်သာရင့်မယ် တစ်ခါမှအော်မပြောဘူးတဲ့ဒယ်ဒီကကင်မ့်ကိုအော်တယ်လား။
"ဟို ဂျွန်..! ကိုယ်ကင်မ်နဲ့စကားပြောချင်တယ်..! ရှောင်ပေးနိုင်မလား"
"ရတယ် ခြံထဲဆင်းနေပေးမယ် ကင်မ် မလေးမစားမလုပ်နဲ့နော်"
ကင်မ်ကအရေးပင်မစိုက်။
ဂျောင်ကုထွက်သွားပြီးနောက် ဆိုအွန်းကကင်မ့်ကိုတစ်ယောက်ထိုင်ဆိုဖာတွင်ထိုင်ခိုင်းကာ သူမကမျက်နှခြင်းဆိုင်နှစ်ယောက်ထိုင်ဆိုဖာတွင်ဝင်ထိုင်သည်။
"ကိုယ့်အသက်ကအခုမှ၂၄နှစ် မင်းထက်သိပ်မကြီးဘူးထင်တယ် noonaလို့ဘဲခေါ်ပါ။"
"စိတ်ရှုပ်ဖို့ကောင်းအောင် ဝေ့ပက်မနေဘဲပြောစရာရှိတာပြောပါ"
"ကိုယ်ဂျွန်နဲ့လက်ထပ်ရမယ်ဆိုတာ ကိုယ့်ဆန္ဒမပါခဲ့ဘူး ကိုယ့်အဖေရဲ့စီးပွားရေးကပြိုလဲနေပြီ ဂျွန်ဘဲကယ်နိုင်မှာ ဒီတော့ အဖေကကိုယ့်ကိုဂျွန့်လက်ထဲအပ်လိုက်တယ်ဆိုပါတော့ ကိုယ့်အဖေအတွက်လုပ်ခဲ့မိတာသက်သက်ဘဲ ကိုယ့်မှာဂျွန့်အပေါ်ခံစားချက်မရှိတဲ့အတွက်စိတ်ချလို့ရပါတယ် ကိုယ့်မှာလဲချစ်ရတဲ့သူရှိတယ် အဖေလဲသိပေမဲ့ သာမာန်လူမျိုးဆိုတော့လက်မခံဘူး ငွေကအရာရာကိုး! ဆိုတော့ မင်းဂျွန့်ကိုကြိုက်နေတာလဲ ကိုယ်ရိပ်မိတယ်နော် မင်းစိတ်ကြိုက်လုပ်လို့ရတယ် ကိုယ်နဲ့ဂျွန်ကိစ္စကအမည်ခံရုံဘဲ ကိုယ်ကကွာရှင်းမှာ ဖြစ်နိုင်ရင် ဒီလက်ထပ်ပွဲကိုတားရမယ် မင်းကူညီနိုင်မယ်ထင်တယ် မဟုတ်သေးဘူး မင်းလုပ်ကိုလုပ်မှာပါ ဟုတ်တယ်ဟုတ်..!"