"ကျွန်တော့နမည်က..kim namjoonပါ"
ပြောနေတာတွေကိုဂရုမစိုက်ဘဲနမည်လာပြောတဲ့သူကြောင့်နည်းနည်းတော့ဒေါသကထောင်းခနဲ ။
စကားကိုသာလိကာလိုပြောသွားလို့ဘာမှနားမလည်တာကြောင့်နမည်ကိုအရင်မိတ်ဆက်လိုက်တော့ ရှူးရှူးရှားရှားမျက်နှာကြီးပါနီလာတော့သည်။
"ဟူးး...မင်းနီင်းဆီသွားရဦးမှာမို့စိတ်လျော့လိုက်မယ် သွားပြီ တကယ် ဘယ်လိုလူလဲ"
ပြောပြီး စက်ဘီးဆီပြန်ထွက်လာတော့ ထိုလူကအနားလာပြီး တားသည်။
"ဘာတုန်း "
"ဟို...တစ်ခုလောက်ကူညီပေးပါလား"
"ကျစ်* သောက်လုပ်တော့ရှုပ်ပြီ ဘာကူညီရမှာလဲ"
"ကျွန်တော့်စက်ဘီးချိန်းကျသွားတယ်"
"ငါမှမလုပ်တက်တာ"
"ကျွန်တော်လဲမလုပ်တက်လို့ပေါ့ ကျွန်တော့်ကိုလိုက်ပို့လို့ရမလား"
"ရှုပ်ရှုပ်ယှက်ယှက်တွေ မပို့ချင်ပါဘူး"
ထိုလူကြီးကမျက်ရည်တွေဝဲလာပြီး ငိုမဲ့မဲ့စဖြစ်လာသည်မို့ ကင်မ်ယောင်းတစ်ယောက် တိုနေစိတ်ကိုဆွဲဆန့်ပြီးလိုက်ပို့ဖို့သာဆုံးဖြတ်လိုက်ခြင်း။
"အေးအေး ငိုတော့မငိုနဲ့ ပို့ပေးမယ် ဘယ်ကိုလဲ"
"ဟို ဒီနားက jung hoseokအိမ်"
"Seokie hyungလား မင်းနဲ့ဘယ်လိုသိလဲ ငါသိရသလောက်သူကသူငယ်ချင်းမရှိတဲ့တသန့်သမားပါ မင်းကိုလဲငါမတွေ့ဖူးဘူးနော်"
ဂျောင်ဟိုဆော့ကကျွန်တော့်တို့နဲ့အတန်းတူပေမဲ့အသက်နည်းနည်း၂နှစ်ကြီးတဲ့အကိုကြီး။ မာနကြီးတာမဟုတ်ပေမဲ့ ပင်ကိုဗီဇကိုကခပ်အေးအေးဖြစ်တာကြောင့် ဘယ်သူနဲ့မှလိုတာထက်ပိုမဆက်ဆံတက်သူ။ အပေါင်းအသင်းလဲသိပ်မရှိပါ။ သူကမိသားစုနဲ့ခွဲပြီးတစ်ယောက်ထဲနေတာ။
"ဟို ဟို အဲ့တာက..!"
"တစ်ဟိုဟိုနဲ့ မပြောချင်လဲရတယ် သွားစို့ တက်"
စက်ဘီးပေါ်အရင်တက်ပြီးသူ့ကိုပါတက်ခိုင်းလိုက်၏
"ငါ့ရည်းစား!"
"ဟင် ဟိုဘီ..!"
"Wtf..!!"
Seokie hyungကဘယ်ကဘယ်လိုပေါ်လာမှန်းမသိ ဟိုကောင့်စက်ဘီးကိုတွန်းရင်းအနားရောက်လာသည်။
"ငါ့ကောင်လေးမို့လို့ ဖယ်လို့ရပြီ ငါခေါ်သွားမယ်.!"
"ဟမ် အင်း"
ခြေထောက်ကိုမြေပေါ်ချကာစက်ဘီးကိုရပ်ထားလိုက်ပြီး ဟိုကောင်ကဆင်းသွားသည်။
"သူကမင်းထက် ၄နှစ်ကြီးတယ် အရိုင်းအစိုင်းကောင်."
ဆော့ကီဟျောင်းကသူ့ကောင်လေးပုခုံးကိုဖက်ပြီး ကင်မ့်ကိုမာန်သည်။
"ဟမ် ဒီကောင်ကလေ အလွန်ဆုံးမှ၂နှစ်ဘဲထင်နေတာ"
"ပြောနေရင်းနဲ့ အောဟော..!! Hyungလို့ခေါ်စမ်း"
"Nae hyungnim"
"မရွဲ့နဲ့.!"
သူ့ကိုရွဲ့တာလဲမဟုတ်ဘဲနဲ့။ ဆော့ကီဟျောင်းကအလွန်ကိုအကဲပိုလွန်းကြောင်းသိခဲ့ရသည်
ဆော့ကီဟျောင်းရဲ့လက်ဆစ်နဲ့ခေါင်းမိတ်ဆက်ပြီးတာနဲ့ မင်နီင်းအိမ်သို့ထွက်လာခဲ့ခြင်း။
---------------------------
မထင်ထားဘူးမို့လား wowoo👻🙊