17

11.3K 948 135
                                    

​စောမင်းခန့် တစ်ခု လုပ်လိုက်ရင် နှစ်ခု အမှားဖြစ်တတ်တာမို့ ဆလိုင်းနှင့်​နေယံက ​စောမင်းခန့်ကို ​ကြောက်​နေပြီ။ အဝတ်အစားအဖြူ​၊ ​စောင်အဖြူ​တွေကို အ​ရောင်​တွေပါသည့် အဝတ်အစား​တွေနဲ့ အဝတ်​လျှော်စက်ထဲ ​ရောထည့်လိုက်သည်မို့ အဝတ်အစား​တွေအကုန် စွန်းကုန်သည်။ တစ်ထည်၊နှစ်ထည်မဟုတ်ဘဲ အထည်နှစ်ဆယ်​လောက်နှင့် ​စောင် ရှစ်ထည်​လောက် အကုန် အစွန်း​တွေ စွဲကုန်သည်။

ဆလိုင်းက ကန်ထဲမှ အင်္ကျီတစ်ထည်ကို ဆွဲထုတ်လိုက်ပြီး ​ဘေးမှာ ထိုင်​နေတဲ့ ​နေယံ့ကို ​ပြောသည်။

" ဆပ်ပြာမှုန့် အရင်ထည့်။ လက်နဲ့​သေချာ​လျှော်ပြီးမှ အစွန်းချွတ်​​ဆေးကို စွန်းတဲ့​နေရာ ပုံလိုက်။ "

" တစ်ထည်လုံး ချွတ်ပစ်ရမှာ မဟုတ်ဘူးလား။ "

" အဝတ်​တွေပါ စားပြီးပါးသွားမှာ​​ပေါ့ ငတုံးရ။ "

​​ရေချိုးခန်းက ကျယ်​ပေမယ့် ​​လျှော်ရမည့် အဝတ်အစား​တွေနှင့်​စောင်​တွေက များတာမို့ ခြံထဲမှာပဲ ထုတ်​လျှော်ဖြစ်သည်။ ​စောမင်းခန့်က ​ဘေးမှာ ဆပ်ပြာမှုန့်ဘူးကို ကိုင်ပြီး မတ်တပ်​လေး ရပ်​နေသည်။

" ငါ ဘာကူလုပ်​ပေးရဦးမလဲ။ "

​​စောမင်းခန့်က ​​မေးလိုက်​တော့ ဆလိုင်းနှင့်​နေယံက ချက်ချင်းပင် ​​ပြိုင်တူဖြေသည်။

" မလုပ်နဲ့ "

​စောမင်းခန့် နှစ်​ယောက်လုံးကို မ​ကျေမနပ်ကြည့်ပြမှ နှစ်​ယောက်ကြားမှာ ​စောမင်းခန့်အတွက် ​နေရာ ဖယ်​ပေးကြသည်။

" ကိုကို ကူလုပ်ချင်လည်း လုပ်ပါ။ "

" ငါ ဘရက် ခြစ်​ပေးမယ်။ မင်းတို့ ဆပ်ပြာတိုက်။ "

" ဟုတ်ကဲ့ "

​လျှော်ထားပြီးသား အဝတ်​တွေမို့ ဆပ်ပြာအရမ်း တိုက်စရာမလို​ပေ။ဆလိုင်းနှင့် ​​နေယံက ဆပ်ပြာ ခပ်ဖွဖွ တိုက်ပြီး ​စောမင်းခန့်ဆီ​ပေးသည်။ ​စောမင်းခန့်က အစွန်း​ပြောင်​အောင် ခြစ်​ပေးသည်။ ပြီး​နောက် ​နေယံက ​ရေ​သေချာ ​ပြောင်​အောင် ​ဆေး​ပေးသည်။

Masterpiece ( Completed )Where stories live. Discover now