1

46.9K 1.6K 74
                                    

" ဆလိုင်းခမ်းမနား "

နှုတ်ဆက်လာကြသည့် လူ​​တွေကြားမှာ ထိုနာမည်က ရင်းရင်းနှီးနှီးရှိသည်။တစ်ချို့ကလည်း ​လေးစားအားကျသည့် အကြည်​တွေနှင့်၊ တစ်ချို့​တွေကြ​တော့လည်း မလိုမုန်းထားပြီး ​ကြောက်ရွံ့သည့် အကြည့်​တွေ အပြည့်ပင်။ အသက်နှစ်ဆယ့်လေးနှစ်အရွယ် လူငယ်​​လေး တစ်​ယောက်၏ စွမ်း​ဆောင်နိုင်မှုနဲ့ လုပ်ရည်ကိုင်ရည်​က အံ့မခမ်း​ပေ။လုပ်ငန်းတစ်ခု၏ ခေါင်း​ဆောင်နှင့်အားကိုးရဆုံးတစ်​ယောက်ပြီးရင် တတိယ​မြောက် သြဇာ အကြီးဆုံးသူဖြစ်သည်။ ဒီလူငယ်​လေးက ဘယ်လိုဖြစ်ပြီးများ ​လေးနှစ်​လောက် အတွင်းမှာ ဒီ​လောက်ထိ ​ပြောင်းလဲ သွားရသလဲဆိုည့် ကိစ္စ၏ ​​နောက်ကွယ်မှာ ပြသနာခပ်ကြီးကြီး ရှိသည်။

အနက်​ရောင် ကား​တွေ တစ်စီးပြီး တစ်စီး ခြံထဲဝင်လာကြပြီး အလယ်တည့်တည့်က သုံးစီး​မြောက် ကားထဲမှ ဆလိုင်းက ထွက်လာခဲ့သည်။သတင်း​တွေ အများကြီး ကြားထားရသည်မို့ ခါးကျိုးမတတ် အရိုအ​သေ​ပေးချင်တဲ့သူ​တွေ၊ တပည့်ခံချင်သူ​​တွေ အပြည့်ပင်။​​ပြောင်လက်​နေတဲ့ အနက်​ရောင် ဖိနပ်ကို အရင် မြင်ရပြီး Style Pantအနက်၊ ဆွယ်တာ အဖြူလက်ရှည် ဝတ်ထားပြီး ထိုအ​​ပေါ်မှာမှ ​ပေါင်လယ်​လောက်ရှိတဲ့ ကုတ်အင်္ကျီအနက်ကို ထပ်ဝတ်ထားသည်။ ​ယောကျ်ား​လေး​တွေမှာ​တောင် တွေ့ရခဲသည့် 186cm ရှိတဲ့ အရပ်က အ​တော်ရှည်လွန်းသည်။လက်​ချောင်း​တွေက ရှည်သွယ်သည်။ မျက်နှာကျ သွယ်ပြီး ဂုတ်​ထောက်​နေသည့် ဆံပင်ကို ဆီလိမ်းပုံသွင်းပြီး အ​နောက်ဖက်သို့ လှန်သိမ်းထားသည်။ မျက်ခုံး​တွေ တွန့်ချိုး​နေသလိုမို့ မျက်နှာထား တင်းမာသည့်ဘက်ကို သွားသည်။​ပါးမြိုင်း​မွှေး​တွေကို ​သေချာရိတ်သင်ထားသည်မို့ ထို​နေရာ​တွေက စိမ်းဖန့်​နေ​သေးသည်။​ဆေးလိပ်​သောက်တဲ့သူမို့ နှုတ်ခမ်းက ရဲမ​နေ​​ပေမယ့် နီညိုဘက်သွားသည်။ မကျဥ်းမကျယ် မျက်ဝန်း​တွေရှိပြီး မျက်ဆံနက်နက်၊ နှာတံ​ပေါ်​ပေါ်နှင့်မို့ ကြည့်​ကောင်းသည်ထက် ​ကျော်လွန်သည်။ ​​ယောကျ်ားပီပီသသနဲ့ ​သေသပ်​ပြီးချောတာမျိုးပင်။

" ဆလိုင်း "

လူ​တွေကြားထဲမှ တစ်​ယောက်က ရင်းရင်းနှီးနှီး​ခေါ်ကာ နှုတ်ဆက်လာသည်။ နဂိုတည်တင်း​နေသည့် မျက်နှာက ထိုတစ်​ယောက်ကို ​တွေ့​တော့ အနည်းငယ်မျှ ​ပြေ​လျော့သွားကာ အ​ပြေးလာ​နေတဲ့သူကို ပခုံးချင်းတိုက်ကာ နှုတ်ဆက်သည်။

Masterpiece ( Completed )Waar verhalen tot leven komen. Ontdek het nu