Part 16

105 2 0
                                    


"မောင် တကယ်ပြောတာ၊ Win သာ မောင့်ကို ခွင့်မလွှတ်ဘူး ဆိုရင် မောင်ဟာ သေလူပါပဲ"

Win နှုတ်ခမ်းပါးလေးကို မဲ့လိုက်ပြီး

"ဒါဟာ မင်းရဲ့ အကြောင်းတရား Winနဲ့ မဆိုင်လို့ သွားခွင့်ပြုပါဦး၊ အော် တစ်ခါထဲပြောပါရစေ၊ ကျွန်တော် ဘန်ကောက်ကို သွားတော့မှာမို့ ကျွန်‌တော်ကို ထပ်ပြီး မနှောက်ယှက်ပါနဲ့"

စကားအဆုံးတွင် ထိုင်နေရာမှ ထထွက်သွားသော Winကို ကြည့်ပြီး Bright ရင်တစ်ခုလုံး စုတ်ပြတ်သတ် နာကျင်ခဲ့ရလေသည်။ 

"မင်း မပတ်သတ်စေချင်ရင် မောင်အားလုံးနဲ့ အဝေးကို ထွက်သွားမှာပါ"

သူ့ရင်တွင်း စကားတစ်ချို့ကို ယုန်ပေါက်လေး ကြားနိုင်မည် မထင်။ အချစ်က ပူလောင်စေသည့် စကားအတိုင်း အရမ်းကို ပူလောင်လွန်းနေပါပြီ။ နာကျင်လိုက်တာ နှလုံးသားလေး။ ကြေကွဲသူရဲ့ မျက်ရည်တွေက ဒီကနေ့ နောက်ဆုံး ဖြစ်ရပါစေသား။
                              🥀🥀🥀

မောင် ပြောခဲ့သည့် စကားတွေကို အထပ်ထပ် ပြန်ကြားမိတော့ Win ငြင်းဆန်ခဲ့သည့်ကို နောင်တရချင်လာလေသည်။ မ‌ပြောကောင်းမဆိုကောင်း မောင်သာ တစ်ခုခုလုပ်လိုက်လေလျှင်။ အို မတွေးရဲစရာ။ Win ကိုယ့် အတွေးနှင့် ကိုယ် အခန်းထဲ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေစဉ် အိပ်ယာပေါ်က Win ဖုန်းလေးက ထမြည်လာလေသည်။ အိပ်ယာပေါ်မှ ဖုန်းကို အလျှင်အမြန်ယူကြည့်လိုက်တော့ ဖုန်းနံပါတ်စိမ်းတစ်ခုပင်။  မကိုင်လေဘဲ ပစ်ထားလေပြီးမှ ဆက်တိုက်ခေါ်နေသဖြင့် ကိုင်လိုက်တော့

"ဟယ်လို"

"~~~~~~~"

"Mike ဘာဖြစ်လို့လဲ"

"~~~~~~~~~"

"ဗျာ"

"~~~~~~~~"

"ဟုတ်ကဲ့ ကျွန်တော် အခုလာခဲ့မယ်"

အဝတ်ဗီရိုထဲက အနွေးထည်တထည်ကို လျှင်မြန်စွာ ထုတ်ယူဝတ်လိုက်လေသည်။
ပြီးနောက် တလောတကြီး အပြင်သို့ ပြေးထွက်လာခဲ့လေသည်။ ဧည့်ခန်းတွင်ထိုင်နေသော Mick ကိုပင် မမြင်လောက်အောင် သူ‌‌ပြေး‌နေ‌လေပြီ။ မောင့်ကို စိုးရိမ်သည့် စိတ်တွေက သူ့ ရင်ဝကို တက်ဆောင့်နေလေပြီ။

မောင့်မူပိုင်ရှင်जहाँ कहानियाँ रहती हैं। अभी खोजें