Part 14

70 1 1
                                    


"Mike"

လေးတွဲနေသော ခြေလှမ်းများဖြင့် Bright ရုံးခန်းထဲ ဝင်ခဲ့ပြီး Mike အရှေ့တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်မိလေသည်။
Mike သူ့ကို တစ်ချက်ကြည့်လိုက်ပြီး

"ဘာဖြစ်လာတာလဲ Bright ၊ မင်းကြည့်ရတာ အားမရှိသလိုပဲ"

"ငါ ငါ ဘာလုပ်ရမှာလဲ၊ ငါ အမေ့ကိုလည်း နားမလည်တော့ဘူး၊ ဘာလို့ ဒီလိုလုပ်ရတာလဲကွာ၊ ငါ Winကို ဘယ်လို တောင်းပန်ရမှာလဲ"

"နေပါဦး ၊ အခု ဘာတွေ ဖြစ်နေတာလဲ"

Mike သူ့ကို စူးစမ်းသလို ကြည့်ပြီး မေးလေတော့ Bright ဆံပင်တွေကြားကို လက်ထိုးထည့်ကာ

"အမေ အမေ ငါ့ကို Pamနဲ့ အတင်းလက်ထပ်ခိုင်းနေတယ်၊ သတင်းစာထဲပါ ထည့်ကြေငြာတယ်ကွာ၊ ငါ ငါ Win ကိုပဲ ချစ်တယ်၊Win က လွှဲရင်  ငါ ငါ ဘယ်သူကိုမှ လက်မထပ်နိုင်ဘူး၊ ပြီးတော့ ငါ့ရဲ့ တရားဝင်‌လက်ထပ်ထားတဲ့သူတစ်ယောက်အဖြစ် Win ကလွှဲရင် ဘယ်မိန်းမ ကိုမှ လက်မခံနိုင်ဘူး"

"သူငယ်ချင်း"

Mike Bright ပခုံးကို အသာပုတ်လိုက်ပြီး

"ငါတို့ Winဆီလိုက်သွားပြီး အရင်အဆင်ပြေအောင် ညှိရမယ်၊ ကျန်တဲ့ ကိစ္စနောက်မှ ရှင်းကြမယ်"

"ငါ့လဲ သွားမလို့ဘဲ ၊ဒါပေမယ့် Winကို ရင်ဆိုင်ဖို့ ငါ သတ္တိမရှိဘူး၊ ငါ ငါ"

Mike တစ်ယောက် Bright ကိုဆွဲထူလိုက်ပြီး

"ဟျောင့် အရှုံးသမား ပုံစံလုပ်မနေနဲ့ ၊ သွားမယ်၊ ဘယ်မှ သူ မသွားလောက်ဘူး၊ မန္တလေး အိမ်မှာပဲ နေမယ်၊ ငါ လိုက်ခဲ့မယ်"

အခက်အခဲတွေ ကြုံလာတိုင်း သူ့ ဘေးမှာ ရှိပေးနေတတ်သည့် အကောင်းဆုံး သူငယ်ချင်းကို ပြပါဆိုလျှင် Mike ရယ်ပါ။
                           🥀🥀🥀

"Pam"

"ဘာပြောချင်လို့လဲ San"

စားပွဲပေါ်တင်ထားသော လ္ဘက်ပန်းကန်ကို လှမ်းယူရင်း Pam မေးလိုက်လေတော့

"နင် တကယ်ပဲ Bright Vachirawit ကိုလက်ထပ်မှာလား"

"အင်း"

ပေါ့ပေါ့ပါးပါး ဆိုလာသော Pamကို San စိတ်ပျက်သလိုကြည့်လိုက်ပြီး

မောင့်မူပိုင်ရှင်Where stories live. Discover now