Part 4

143 3 1
                                    


ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ အိပ်နေသော မောင့်ကိုကြည့်ပြီး Win နှုတ်ခမ်းပါးလေးကို ဖိကိုက်ပြီး အသံတိတ်ငိုနေမိလေသည်။ မောင်ဟာလေ အမြဲ ထိုကဲ့သို့ပင်။ သူ့ ရင်တွင်းခံစားချက်များကို အမြဲဥပေက္ခာပြုတတ်သူ။ အမှန်တကယ်ဆို မောင်သည့် သူ့ အတွက် မုန်းစရာအကောင်းဆုံးသူပင်။  ချစ်မိခဲ့သူ သူ့ နှလုံးသားက မောင့်ကို မမုန်းနိုင်ခဲ့သည့်ကလည်း အတော်ခက်လေသည်။

ခန္ဓာကိုယ်ပေါ် လွှမ်းခြုံထားသော စောင်အပါးလေးကို ဖယ်ရှားက ထမည့် အပြု

"ဘယ်သွားမလို့လဲ"

Winခန္ဓာကိုယ်လေးကို ဖမ်းဆွဲလိုက်တော့ Winခန္ဓာကိုယ် အိအိလေးက Bright ရင်ခွင်ထက် အလဲလဲအပြိုပြို။

ကျောပြင်နှင့် မွေ့ယာထိတွေ့မှုကြောင့် သူ့ မျက်ဝန်းလေးတွေ ဝိုင်းစက်ကာ

"မောင် ဖယ် ဖယ်တော့"

"ခဏလေးအချစ်ရာ"

ပိုတိုး၍ ဖက်လာသော မောင့် လက်တွေကို သူ့ အတင်းဖယ်ရှားနေရင်း

"ဖယ်တော့မောင် ကျွန်တော် ပြန်တော့မယ်"

"ဘာ ဘယ်လို"

ရုတ်တရတ် သူ့ အပေါ်မှ အုပ်မိုးကြည့်လာသော သူ့မျက်ဝန်းတွေက စိမ်းသက်စွာပင်။

"မင်း ဒီကို လာတာ မောင်နဲ့ အတူနေချင်လို့ မဟုတ်လား"

"အစကတော့ ဟုတ်တယ် ၊ အခုတော့ မဟုတ်တော့ဘူး မောင်၊ မောင့်ရဲ့ အပြုအမူက သိပ်ကို အရိုင်းဆန်လွန်းတယ်"

"ဘာရယ် အဟွန့်"

Bright သူ့ အပေါ်မှ ဖယ်လိုက်ပြီး ကုတင်ပေါ် ခြေထောက်ဆင်းထိုင်ကာ

"မောင့်က မင်းရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ မင်းနဲ့ အတူနေမိတာ မောင့် မှားလား Win"

Bright စကားကြောင့်  Win ဖရိုဖရဲ ဖြစ်နေသော ခန္ဓာကိုယ်မှ အဝတ်အစားတွေကို သေသေသပ်သပ် ပြုပြင်လိုက်ပြီး

"မှားတယ် မောင်၊ မောင့် မှားတယ်၊ Winနဲ့ အတူမနေချင်လို့ အပြင်မှာ ခြေရှုပ်နေတဲ့ မောင်က Win ကို အခုလို လွန်ကျူးတာ လွန်တယ် မထင်ဘူးလား မောင်"

မောင့်မူပိုင်ရှင်Where stories live. Discover now