Part 8

84 3 0
                                    


‌မောင် နှင့် Win အချစ်ဘဝခရီးက မောင့်ရဲ့ အရင်လို နွေးထွေးအေးမြသည့်  အချစ်တွေကြားမှာ နွေးထွေးအေးမြခဲ့လေသည်။

"Winလေး မောင် အလုပ်သွားမယ်နော်၊ အိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့တာ မောင်စိတ်မချဘူးနော်"

Win နှုတ်ခမ်းပါးလေးကို တွန့်ရုံမဲ့လိုက်ပြီး

"မောင်ရယ် Winက ကလေးမဟုတ်တော့ပါဘူး"

"အဲ့ ကလေးမဟုတ်တာလေးကိုပဲ မောင်က အချစ်ပိုနေရတာလေ"

"ဟွန့် မောင်ကတော့ ပိုပြီး"

နှုတ်ခမ်းလေး ဆူထော်ကာ ပြောလာသည့် ယုန်ပေါက်လေး ပုံစံလေးက ချစ်စရာလွန်စွာ ချစ်စရာကောင်းနေလေသည်။

"Winရယ် မင်းဘာလို့များ ချစ်စရာကောင်းနေရတာလဲကွာ"

Bright နှုတ်ဖျားမှာ တီးတိုးရေရွတ်ပြီး Win၏ နဖူးလေးကို နမ်းရှိုက်လိုက်လေသည်။

သူ မြတ်နိုးလှသော ယုန်ပေါက်လေးအားကို နူးညံ့ညင်သာသော ချစ်ခြင်းတွေကို နေစဉ်အမြဲ ဖန်တီးပေးဖို့ ရည်ရွယ်ရင်း~~~~။
                              🥀🥀🥀

"ဟယ် အမေ လာတာလား"

Win ဆိုသည့်မှာ ယောက္ခမလည်း အမေ ဟု သတ်မှတ်ထားသဖြင့် မိခင် အရင်းသဖွယ် တလေးတစား ဆက်ဆံလေသည်။
Bmomလည်း မျက်နှာကို အပြုံးတုတြွေဖင့် ဖုံးကွယ်ရင်း

"အေး သားရယ်၊ လမ်းကြုံလို့ ဝင်လာတာကွယ်၊ ဒါနဲ့ သားBဘယ်မှာလဲ"

ဆိုဖာပေါ်မှာဝင်ထိုင်ရင်း မေးလေတော့ Win ယောက္ခမဖြစ်သူ အရှေ့တွင် ဝင်ထိုင်လိုက်ပြီး

"အလုပ်သွားပြီလေ အမေ"

"အေး အမေ သားကို ပြောစရာရှိတယ်"

Win မျက်နှာကို အကဲခက်သလို ကြည့်ရင်း ပြောလေတော့

"ဟုတ်ကဲ့ ပြောလေ အမေ"

Bmom ဆက်ပြောလိုက်သည့် စကားက

"သားအနေနဲ့ ကလေးမရနိုင်ဘူး ဆိုတော့ အငှါးကိုယ်ဝန်ဆောင် ငှါးပါလား၊ သားBrightကို ကလေးမရခင် အထိ ငှါးထားတဲ့ မိန်းကလေးနဲ့ အတူနေခိုင်းရုံပါပဲ"

"အေမ"

ယောက္ခမဖြစ်သူ၏ စကားက Win နှလုံးသားတစ်စုံကို ဆွဲနုတ်ခံလိုက်ရသလို Win ဒေါသတွေ ဆူပွက်လာကာ

မောင့်မူပိုင်ရှင်Where stories live. Discover now