"အား ကျွတ် ကျွတ်""ကိုကို ဘယ်လိုလုပ်လိုက်တာလဲ"
Pamတစ်ယောက် ဖင်ထိုင်ရက်ကျသွားသဖြင့် နာကျင်သွားသော တင်ပါးကို ပွတ်ရင် မေးလိုက်တော့
"တွန်းလိုက်တာလေ မမြင်ဘူးလား၊ ရော့ မင်း ခန္ဓာကိုယ်ကို လုံခြုံအောင် အရင်လုပ်လိုက်"
သူ့အနားရှိ သူမ ချွတ်ပစ်ခဲ့သော အင်္ကျီအား သူမကို ပစ်ပေးလိုက်သူက Bright ပင်။ Pam အင်္ကျီလေးကို သေသေချာချာ ပြန်ဝတ်လိုက်ပြီး
"ကိုကို Pam Pamလေ"
Bright သူမကို ခပ်စိမ်းစိမ်းကြည့်ပြီး
"sorry ပဲ Pam၊ စိတ်ကစားခဲ့စဉ် ခဏပဲမို့ မင်းနဲ့ ငါ့ ဇာတ်လမ်း ဒီမှာ ပျက်ပြီ၊ မင်း ငါ့ကို ဒီလိုပုံစံတွေနဲ့ မြူဆွယ်နေလည်း အလကားပဲ Pam"
"ကိုကို"
စကားအဆုံးတွင် နောက်ကျိနေသော ခေါင်းကို ဟန်ပါပါထိန်းရင်း သူ့ ထွက်ခဲ့လေသည်။ အပြင်ရောက်မှ သူငယ်ချင်း ဖြစ်သူ Mike ကို ဖုန်းဆက်ခေါ်ကာ အိမ်သို့ပြန်ခဲ့လိုက်လေသည်။
အိမ်ပြန်ရောက်တော့ မူးနေသည့် အရှိန်နှင့် သူ အိပ်ပျော်သွားလေတော့သည်။
"လွမ်းတယ် Win ၊ မင်း မရှိမှ မင်းကို မောင့် မရှိမဖြစ်လိုအပ်နေပြီဆို သိလိုက်ရတယ် မောင့် အချစ်ရယ်"
🥀🥀🥀Win မန္တလေးကို ပြန်ခဲ့သည့်မှာ ၁ပတ်ပြည့်တော့မည်။ နေစိမ့်သူကြီး။ ရက်စက်သူကြီး။ Win မရှိသည့် အချိန်သူက တစ်ယောက်ထဲ နေနိုင်သည့်တဲ့လား။ Win မှာတော့ သူ့ကို လွမ်းရသည့် ရက်တွေအတွက် နေသားမကျနိုင်ခဲ့ပေ။
"သား ဘာတွေ စဉ်းစားနေတာလဲ"
Win တစ်ယောက်ထဲ အိမ်ရှေ့မှာ ခပ်ငေးငေးလေး ထိုင်နေစဉ် နောက်ပါးဆီမှ မေမေ့ အသံကြောင့်
"ဘာမှမဟုတ်ပါဘူး မေမေရယ်၊ ဒီလိုပဲ ဟိုတွေးဒီတွေးပဲ"
"သား"
Wmom သားဘေးမှာ ဝင်ထိုင်ပြီး သား ဆံနွယ်လေးတွေကို သပ်တင်ပေးရင်း
"မေမေ့ သားလေး သားBrightကို သတိရနေတာလား"
"ဗျာ"
![](https://img.wattpad.com/cover/345836129-288-k464835.jpg)
YOU ARE READING
မောင့်မူပိုင်ရှင်
Fanfictionအိမ်ထောင်တစ်ခု စတင်ထူထောင်စဉ်ထဲက Win သည် ယောက်ျားလေးတစ်ယောက် မောင့်အတွက်ကလေးမွေးဖွားပေးနိုင်မှာမဟုတ်မှန်း သိရက်နှင့်ပင် မောင် Win ကိုလက်ထပ်ခဲ့သည်.......