Part 15

99 2 0
                                    


"ဟာ Bright"

Mike တစ်ယောက် ကားရပ်လိုက်သည့်နှင့် မြင်လိုက်ရသော သူငယ်ချင်း ဖြစ်သူ၏ ဆိုးရွားလွန်းလှသည့် အခြေအနေကို မြင်လိုက်ရသည်နှင့် ကားပေါ်မှ ပြေးဆင်းလာခဲ့လိုက်လေသည်။

"Bright Bright ဟေ့ကောင်"

" Mike လား....၊ Win  Winက ငါ့ကို မုန်းသွားပြီကွ ဟီး ဟီး"

"ဟာ ကျစ်၊ Bright ထ ပြန်မယ်"

Mike မြေပြင်ပေါ်လှဲကျနေသော သူ့ငယ်ချင်း ဖြစ်သူကို ဆွဲခေါ်ကာ Win တို့ ခြံရှေ့မှ ထွက်ခဲ့လေသည်။ Win မြင်နေရပါသည်။ မောင့်ရဲ့ ဖြစ်အင်ကို စ/လယ် အဆုံး။ အပေါ်ထပ်အခန်း၏ လိုက်ကာစကိုဖယ်ပြီး မမှိတ်မသုန် ငေးကြည့်ရင်း ပူပူနွေးနွေး မျက်ရည်တွေက ပါးပြင်ပေါ်စီးကျလာခဲ့ရလေသည်။

Mike ဆွဲခေါ်ရာ ပါသွားလေသော မောင့်၏ ယိုင်နဲ့နေသည့် ခန္ဓာကိုယ်ကို Win ဆက်ကြည့်နိုင်စွမ်း မရှိတော့သဖြင့် လိုက်ကာစကို ဆွဲပိတ်ပြီး ရှိုက်ငိုမိပြန်ပါသည်။ ပြတင်ပေါက်လိုက်ကာကို ပြန်ဆွဲပိတ်ကာ ကြမ်းပြင်ပေါ် ထိုင်ချကာ ငိုလိုက်မိလေသည်။

"ဘာလို့ လိုက်လာတာလဲ၊ နေမြဲတိုင်း နေပါလား၊ ငါ အရှုံးတွေကို လာကြည့်ပြီး လှောင်တာလား"

အချစ်ရဆုံး လူကသာ ကိုယ့်ကို နာကျင်အောင် အမြဲလုပ်စမြဲပင်။ ချစ်မိသူ၏ နှလုံးသားတစ်စုံက သူ့ကြောင့် နာကျင်စရာ မရှိတော့သည့်မို့ ဒီတစ်ခါ ငိုခြင်းက နောက်ဆုံး ဖြစ်ပါရစေ။
                             🥀🥀🥀

"အား ကျွတ် ကျွတ်"

"ဟျောင့် ဖြည်းဖြည်းထ"

အိပ်ယာထက်က အတင်းထနေသော Bright ကို Mike ဝင်တွဲရင်း ဟန့်လိုက်ရလေသည်။

"ငါ ငါ အခုဘယ်ရောက်နေတာလဲ"

"ဟိုတယ်ရောက်နေတာ"

"ဘာ!"

ကျယ်လောင်စွာ ထအော်လိုက်သော Bright ‌ကြောင့် Mike လန့်သွားမိလေသည်။

"ဖြည်းဖြည်းအော်စမ်းပါကွာ၊ မင်းနဲ့ ငါ ဒီရောက်နေတာ အသင့်နေစရာရှာရတယ်လေ၊ ငါ ဟိုတယ်မှာ အခန်းငှါးနေတုန်း မင်းက Winmetawin ဆီ တန်းသွားတာလေ ဟျောင့်" (အေးလေ ကူညီလည်းပေးရသေးတယ် ဘာတွေထင်ပီးလန့် 😒)

မောင့်မူပိုင်ရှင်Where stories live. Discover now